ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်သည် တောင်ကြီး-ရပ်စောက်လမ်းအပိုင်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ကွင်းဆင်းကြည့်ရှု

တောင်ကြီး သြဂုတ် ၆

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ်တွင် တောင်ကြီး-ရပ်စောက်လမ်း လမ်းအပိုင်း အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းကို ယမန်နေ့နံနက် ၁၁ နာရီအချိန်တွင် ပြည်ထောင်စုလမ်းမကြီး၊ ဟဲကယ်ကျေးရွာ-လွိုင်ခမ်းကျေးရွာ၌ ကွင်းဆင်းကြည့်ရှုခဲ့သည်။

အဆိုပါ လမ်းအပိုင်းများ ဆောင်ရွက်နေမှုများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသူရဇော်၊ ခရိုင်လမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမျိုးလွင်၊ မြို့နယ်လမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများတို့လိုက်ပါ၍ ယာဉ်များအသွားအလာ အစဉ်ပြေရေးအတွက် တောင်ကြီး-ရပ်စောက်လမ်း အပိုင်းအကောင်အထည်ဖော်ဆောင်ရွက်နေခြင်းကို လိုက်လံကြည့်ရှုခြင်းအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)