မအူပင် ဩဂုတ် ၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်နှင့်တိုက်နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲအား ယမန်နေ့မွန်းလွဲပိုင်းက အမှတ်(၃)ရပ်ကွက်ရှိ ပြည်သူ့အားကစားကွင်းအတွင်း ကျင်းပသည်။
အဆိုပါအကြိုဗိုလ်လုပွဲအား မြို့မဘောလုံးအသင်းနှင့် ကျုံစုတ်တိုက်နယ် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြို့မဘောလုံးအသင်းမှ ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲသို့ တက်ရောက် သွားခဲ့သည်။ ကျုံစုတ်တိုက်နယ်ဘောလုံးအသင်းအနေဖြင့် ရေလဲတိုက်နယ်ဘောလုံးအသင်းနှင့် တတိယနေရာလုပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး မြို့မဘောလုံးအသင်းမှာ ညွှန့်ပေါင်း (၃)ဘောလုံးအသင်းနှင့် ဗိုလ်လုပွဲအားယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)