မြောင်းမြောင်းမြမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ အ.မ.က(သူဌေးကုန်း)ကျောင်းတွင် ကျောင်းသား/သူများ ကျောင်းစာအပြင် အခြားအထွေထွေဗဟုသုတနှင့်စာဖတ်သည့် အလေ့‌အထများ ရရှိစေရန်ရည်ရွယ်၍ ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်၊ စာစောင်ပြပွဲများနှင့် ဉာဏ်ရည်မြှင့် ပြိုင်ပွဲများကို ယမန်နေ့နံနက် (၁၁:၀၀)နာရီအချိန်က ပြုလုပ်ခဲ့‌ကြောင်း သိရသည်။

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ​ရွှေဘိုခရိုင်​/မြို့နယ် သန်း​ခေါင်စာရင်း​ကော်မတီ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လည်ပိုင်းက ခရိုင်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပခဲ့​ကြောင်းသိရသည်။

ကျောင်းကုန်းမြို့နယ် စီးပွားရေးလုပ်ငန်းရှင်များမှ ရေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အေးချမ်းသာယာခန်းမ၌ ‌မြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများ ကူညီနိုင်ရေး အလှူငွေပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

မိန်းမလှကျွန်းတောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောအတွင်းသို့ တာဝန်ရှိသူမှအပ မည်သူတစ်ဦးတစ်ယောက်မျှဝင်ရောက်ခြင်းမပြုရန် အမိန့်ထုတ်ပြန်ထားရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်းရှိ မိန်းမလှကျွန်း တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောသည် တောရိုင်းတိရိစ္ဆာန်သားကောင်များ၊ ငါး၊ ပုဇွန်၊ မိကျောင်းများ ရှင်သန်ပေါက်ဖွားရာ ဒေသဖြစ်သည့်အပြင် ကနစို၊ မဓမ၊ သင်ပေါင်းစသည့် ဒီရေတော သစ်တောများတည်ရှိပြီး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ သာဘာဝပတ်ဝန်းကျင် သားငှက်တိရိစ္ဆာန် ထိန်းသိမ်းရေးဌာန၊ မိန်းမလှကျွန်းတောရိုင်းတိရိစ္ဆာန် ဘေးမဲ့တောအုပ်ချုပ်ရေးမှူးရုံးမှ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည့် ဘေးမဲ့တောဖြစ်ပြီး မြန်မာနိုင်ငံအတွင်းရှိ အာဆီယံအမွေအနှစ် ဥယျာဉ် (၇) ခုတွင် (၁) ခုအပါအဝင်ဖြစ်သည်။

ကန့်ဘလူမြို့နယ်၌ ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေး ဆက်လက်ထိုးနှံ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် အသက် ၂ နှစ်အောက်ကလေးငယ်များ နှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများကို ဆောင်ရွက်ပေး လျက်ရှိရာ ဩဂုတ် ၁ ရက်နေ့မှယမန်နေ့ထိ အသက်၂ နှစ်အောက် ကလေးငယ် ၄၅၀ နှင့်ကိုယ်ဝန်ဆောင် မိခင် ၅၉ တို့ကို ထိုးနှံပေးပြီးကြောင်း သိရသည်။

ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ မသိမ်ကျေးရွာ၌ ချောင်းမကြီးချောင်းရေတိုက်စားမှုအန္တရာယ်ကျရောက်နိုင်သည့် လူနေအိမ် (၂)လုံးအတွက်  ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့စရိတ် ထောက်ပံ့

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ မသိမ်ကျေးရွာ၌ ချောင်းမကြီးချောင်းရေတိုက်စားမှုအန္တရာယ်ကျရောက်နိုင်သည့် လူနေအိမ် (၂)လုံးအတွက်  ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့စရိတ်ထောက်ပံ့ခြင်းကို ယနေ့မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။

ဝါးခယ်မမြို့နယ်၌ ဇီဝဆိုင်ရာအချက်အလက်(Biometric) ကောက်ယူခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းရှိ အသက်(၁၀)နှစ်ပြည့်ပြီးသူ ကျောင်းသား၊ ကျောင်းသူများအား ပန်းခင်းအဆင့်(၃)ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းလုပ်ငန်းအား ယနေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တန့်ယန်းမြို့နယ်တွင် (၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် (၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြင့်တင်ရေး Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းနှင့်စာအုပ်စာစောင်ပြပွဲ ပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေဝါသနာပါသူအချင်းချင်း ရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင်များ နှင့်ပူးပေါင်း၍ စာရေးဆရာကြီးရွှေဥဒေါင်း ရေးသားသော “အကြံဉာဏ်ဖြင့်ကြီးပွားရေး” စာအုပ်ဖြင့် စာဖတ်ဝိုင်းနှင့်စာအုပ်စာစောင်ပြသခြင်းကို ယနေ့မွန်းလွဲ ၁ နာရီက မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟင်္သာတမြို့နယ်၌ စက်မှုလယ်ယာဦးစီးဌာနမှ ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ပြုပြင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်းဖွင့်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၂)အလတ်စားစက်ပြင်အလုပ်ရုံမှကြီးမှူးဖွင့်လှစ်သော (၁/၂၀၂၄-၂၀၂၅) ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ပြုပြင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ဟင်္သာတမြို့ရှိ အမှတ် ၂ အလတ်စား စက်ပြင်အလုပ်ရုံ သင်တန်းခန်းမတွင် ကျင်းပခဲ့သည်။
Subscribe to