ရွှေတောင် သြဂုတ် ၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ရွှေဟင်္သာကျေးရွာအုပ်စု၊ စကားမြားကျေးရွာ ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ယာယီပြောင်းရွှေ့နေထိုင်သည့် အိမ်ထောင်စုများအား ယမန်နေ့ နေ့လယ်ပိုင်းက ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ မြစ်ကမ်းပါးပြိုကျမှုကြောင့် ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိသည့် လူနေအိမ်များအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်တင်တင်ချိုနှင့် အဖွဲ့ဝင်များက ကမ်းပြိုအိမ်ထောင်စုများအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လူနေအိမ်ခြေ(၂၃) အိမ်၊ အိမ်ထောင်စု (၂၃) စုတို့ရှိ လူဦးရေ (၇၉) ဦးတို့အတွက် အိမ်ထောင်စု (၁) စု ပြောင်းရွေ့စရိတ် (၁၀၀၀၀၀ိ/-) နှုန်းဖြင့် အိမ်ထောင်စု (၂၃) စုအတွက် (၂၃၀၀၀၀၀ိ/-) ကျပ်နှင့် လူတစ်ဦးလျှင် ဆန်ရိက္ခာဖိုး (၂၁၀၀ိ/-) ကျပ်နှုန်းဖြင့် လူဦးရေ (၇၉) ဦးအတွက် (၁၆၅၉၀၀ိ/-) ကျပ် စုစုပေါင်း (၂၄၆၅၉၀၀ိ/-) ကျပ်အား ကမ်းပြိုအိမ်ထောင်စုများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)