သရက်မြို့၌ ခရိုင်ပြည်သူ့ဆေးရုံ ကျောက်ကပ်သွေးသန့်စင်ဌာနအတွက် အလှူငွေ (၃)သိန်းကျပ် ပေးအပ်လှူဒါန်းပွဲ ကျင်းပ

သရက် ဩဂုတ် ၇

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ခရိုင်ပြည်သူ့ဆေးရုံ ကျောက်ကပ်သွေးသန့်စင်ဌာနအတွက် အလှူငွေ (၃)သိန်းကျပ် ပေးအပ်လှူဒါန်းပွဲကို ဩဂုတ် ၅ ရက်နေ့ မွန်းလွဲ (၂)နာရီက ခရိုင်ပြည်သူ့ဆေးရုံး အစည်းအဝေးခန်မ၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းနားတွင် ခရိုင်ပြည်သူ့ဆေးရုံ ကျောက်ကပ်သွေးသန့်စင်ဌာနအတွက် ဦးအောင်သန်း+ ဒေါ်သိန်းဟန် သား ကိုဇေယျာမင်း မိသားစု စမ်းချောင်းမြို့နယ် ရန်ကုန်မြို့နေ ဦးအောင်သန်း၏ (၆၉)နှစ်ပြည့် မွေးနေ့အတွက် အလှူငွေကျပ် (၃)သိန်းကို လှူဒါန်းရာ အလှူရှင်မိသားစုကိုယ်စား ဒေါ်မြင့်မြင့်သန်းမှ ပေးအပ်လှူဒါန်းခဲ့ပြီး ခရိုင်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာညွန့်ရွှေအောင်က လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)