ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများမှ မိုင်းတုံခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်​ မြို့မိမြို့ဖများ တွေ့ဆုံပွဲအခမ်းအနား ကျင်းပ

မိုင်းတုံ သြဂုတ် ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့တွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦးနှင့် မိုင်းတုံခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မိုင်းတုံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မိုင်းတုံခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးငြိမ်းထွန်းကျော်က မိုင်းတုံမြို့၏ ဒေသဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရှမ်းအ​ရှေ့)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစံလင်းမှ မိုင်းတုံမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား ရှင်းလင်းတင်ပြပေးခဲ့သည်။ ဆက်လက်၍ ဌာန​ဆိုင်ရာများနှင့် မြို့မိမြို့ဖများက လိုအပ်သည်များကိုတင်ပြကြရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦးက လိုအပ်သည်များကို ပံ့ပို့ကူညီထောက်ပံ့မည်ဖြစ်ကြောင်းနှင့် လူမှုရေး၊ ကျန်းမာရေး၊ လူငယ်ရေးရာ၊ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးများ ဆွေနွေးပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မျိုးကျော်စိုး(ပြန်/ဆက်)