ဇေယျာသီရိမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)မှ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီရွေးချယ်ပွဲ ကျင်းပ

ဇေယျာသီရိ ဩဂုတ် ၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ကျွန်းရောင်းကျေးရွာအုပ်စု၊ ကျွန်းရောင်းကျေးရွာအတွင် ကျပ်သိန်း ၁၅၀ ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီရွေးချယ်ပွဲကို ဩဂုတ်လ ၂ ရက်နေ့ နံနက်ပိုင်းက ကျွန်းရောင်းကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးဇော်၊ ကျွန်းရောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦး‌အေးကျော်နှင့် ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ဦးမျိုးဇော်က ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဇေယျာသီရိမြို့နယ်၊ ကျွန်းရောင်းကျေးရွာအုပ်စု၊ ကျွန်းရောင်းကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)မှ ကျပ်သိန်း ၁၅၀ ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီရွေးချယ်ပွဲကို ပြုလုပ်ရခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပြီးနောက် စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ ကော်မတီရွေးချယ်ဖွဲ့စည်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)