ကျိုင်းတုံတက္ကသိုလ်၌ လူငယ်ကဏ္ဍမြှင့်တင်ဆောင်ရွက်လို့ ပိုမိုကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းဖန်တီးစို့ ခေါင်းစဉ်ဖြင့် ဆောင်းပါးပြိုင်ပွဲကျင်းပ

ကျိုင်းတုံ ဩဂုတ် ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံတက္ကသိုလ်၌ လူငယ်ကဏ္ဍမြှင့်တင်ဆောင်ရွက်လို့ ပိုမိုကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းဖန်တီးစို့ ခေါင်းစဉ်ဖြင့် ဆောင်းပါးပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီက ကျင်းပသည်။

ထိုသို့ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၁၂) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အကြို ဆောင်းပါးပြိုင်ပွဲကျင်းပရာတွင် ကျိုင်းတုံတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူ (၁၂) ဦး၊ ဝင်ယှဉ်ပြိုင်ကြရာ ကျိုင်းတုံတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာဉာဏ်ထွန်းနှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)