ပုသိမ်ကြီးမြို့နယ်တွင် အခမ်းအနားမှူး သင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းဖွင့်လှစ် ကျင်းပသည့် အခမ်းအနားမှူးသင်တန်းကို ယနေ့နံနက် ၉ နာရီက အ.ထ.က ပုသိမ်ကြီးရှိ အောင်ဇမ္ဗူခန်းမဆောင်၌ ကျင်းပခဲ့သည်။

မက်မန်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများအား ကျောင်းစာများအပြင် ပြင်ပဗဟုသုတစာပေများ ပိုမိုဖတ်ရှု လေ့လာစေရန်၊ စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများ ရရှိစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲကို ဩဂုတ်လ (၇) ရက်နေ့က နယ်ခြားကျောင်းတွင် သွားရောက်ကျင်းပပြုလုပ်ခဲ့သည်။

ပခုက္ကူမြို့၌ တရားမဝင်ဆေးဝါးအတုများနှင့်သက်တမ်းလွန်ဆေးဝါးပစ္စည်းများ ဈေးကွက်အတွင်း ရောင်းချမှုရှိ/မရှိ ရှောင်တခင် ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ တရားမဝင်ဆေးဝါးအတုများနှင့် သက်တမ်းလွန်ဆေးဝါးပစ္စည်းများ ဈေးကွက်အတွင်း ရောင်းချမှုရှိမရှိအခြေအနေများကို ယမန်နေ့နံနက် ၈ နာရီခွဲ အချိန်က တာဝန်ရှိသူများ ရှောင်တခင်ကွင်းဆင်း စစ်ဆေးကြသည်။

ရွှေဘိုတက္ကသိုလ်၌၂၀၂၃-၂၀၂၄နှင့်၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသားပိုက်​ကျော်ခြင်းပြိုင်ပွဲဆု​ချီးမြှင့်ပွဲကျင်းပ

ရွှေဘိုတက္ကသိုလ်၌ ၂ဝ၂၃-၂ဝ၂၄ နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံအမျိုးသား​ပိုက်​ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲကိုယမန်နေ့ ည​နေ ၃ နာရီ အချိန်က အဆိုပါတက္ကသိုလ်ရှိ ​အားကစားရုံတွင်ကျင်းပခဲ့ကြောင်းသိရသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်းနှင့် သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတက်ရောက်

မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်းနှင့် သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁) တွင် ပြုလုပ်ခဲ့သည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်မည့် တိုင်းဒေသကြီးကိုယ်စားပြု လူငယ်အဖွဲ့အားတွေ့ဆုံ

အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်အခမ်းအနားသို့တက်ရောက်မည့် တိုင်းဒေသကြီးကိုယ်စားပြုလူငယ်အဖွဲ့အား တွေ့ဆုံပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁) တွင် ပြုလုပ်ခဲ့သည်။

ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲများ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများ သစ်တောသစ်ပင်များ၏တန်ဖိုးထား အလေးထားသိရှိစေရန်၊ သစ်တောပြုန်းတီးမှု မရှိစေရေးအတွက် ဝိုင်းဝန်းပါ‌ဝင် ထိန်းသိမ်းတတ်စေရန် ရည်ရွယ်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီခွဲက အကယ်ကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကန့်ဘလူခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကန့်ဘလူခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး စာရေးဆရာတက်တိုး ရေးသားသည့် စာဖတ်စည်းစိမ်စာအုပ်ဖြင့် ဝန်ထမ်းများ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။

ဟင်္သာတမြို့နယ်၌ မိခင်နို့စနစ်တကျ တိုက်ကျွေးရေး ပထမရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ဟင်္သာတမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးမှူး ဒေါက်တာနေခြည်ထက်ထက်လင်းအောင် ဦးဆောင်၍ သြဂုတ် ၈ ရက်နေ့နံနက်ပိုင်းက မိခင်နို့စနစ်တကျ တိုက်ကျွေးရေး ပထမရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကို ဆောင်ရွက်ခဲ့သည်။

မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ဒါးက မြစ်ရေမြင့်တက်မှုကြောင့် ယာယီပိတ်ထားသည့်အခြေခံပညာကျောင်းများအနက် (၆) ကျောင်း ထပ်မံပြန်လည်ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် နေ့စဉ် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ဒါးက မြစ်ရေမြင့်တက်မှုတို့ကြောင့် ကျောင်းဝင်းအတွင်းရေများဝင်ရောက်ခြင်းနှင့် ကျောင်းသား/သူများ ကျောင်းသွားရာလမ်းများ ရေကျော်ခြင်းတို့ကြောင့် ယာယီပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများအနက် ကျောင်း (၆) ကျောင်းအား ဩဂုတ်လ (၈) ရက်နေ့ကထပ်မံ၍ပြန်လည်ဖွင့်လှစ်ခဲ့‌ကြောင်း သိရသည်။
Subscribe to