နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနား၊ လူငယ်ဖိုရမ်နှင့် လူငယ်လေ့လာရေးခရီးစဉ်များသို့ နေပြည်တော်ကိုယ်စားပြု တက်ရောက်မည့် လူငယ်ကိုယ်စားလှယ်များအား တွေ့ဆုံ
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနား၊ လူငယ်ဖိုရမ်နှင့် လူငယ်လေ့လာရေးခရီးစဉ်များသို့ နေပြည်တော်ကိုယ်စားပြုတက်ရောက်မည့် လူငယ်ကိုယ်စားလှယ်များအား တွေ့ဆုံခြင်းကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ (၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ နေပြည်တော်ကိုယ်စားပြုတက်ရောက်မည့် လူငယ်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။