ရွှေဘိုတက္ကသိုလ်၌၂၀၂၃-၂၀၂၄နှင့်၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသားပိုက်​ကျော်ခြင်းပြိုင်ပွဲဆု​ချီးမြှင့်ပွဲကျင်းပ

​ရွှေဘို သြဂုတ်

ရွှေဘိုတက္ကသိုလ်၌ ၂ဝ၂၃-၂ဝ၂၄ နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံအမျိုးသား​ပိုက်​ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲကိုယမန်နေ့ ည​နေ ၃ နာရီ အချိန်က အဆိုပါတက္ကသိုလ်ရှိ ​အားကစားရုံတွင်ကျင်းပခဲ့ကြောင်းသိရသည်။

ကျောင်းသား​မောင်မယ်လူငယ်များအနေဖြင့် ကျောင်းနေ​ပျော်၍ စာ​တော်​သောလူငယ်​လေးများဖြစ်​အောင် ပညာရေးသာမက ပေါင်းသင်းဆက်ဆံ​ရေး​ကောင်းမွန်ပြီး ပူးပေါင်းပါဝင်သည့် အ​လေ့အထ​ကောင်းရရှိ​စေရန်၊ အားကစားလှုပ်ရှားခြင်းဖြင့် ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်မှုအပြင် စိတ်ဓာတ်ပိုင်းဆိုင်ရာများလည်း ခိုင်မာလာစေရန်၊ ဥာဏ်ပညာထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်လူငယ်အားကစားသမားများ​ ပေါ်ထွက်စေရန်ရည်ရွယ်၍ အားကစားပြိုင်ပွဲများကို စဥ်ဆက်မပြတ်ကျင်းပ​ပေးလျှက်ရှိကြောင်းသိရသည်။

ပြိုင်ပွဲတွင်ပထမဆုရရှိသည့် အမျိုးသားဘူမိဗေဒအသင်း၊ဒုတိယဆုရရှိသည့် ရုက္ခ​ဗေဒအသင်း၊ တတိယဆုရရှိသည့် ဥပ​ဒေပညာအသင်းများအား ရွှေဘိုတက္ကသိုလ် ပါ​မောက္ခချုပ်ဆရာမကြီး​ဒေါက်တာမျိုးမျိုး၊ဒုတိယပါ​မောက္ခ ချုပ်​ဆရာမကြီး​ဒေါက်တာတင်တင်ရီနှင့် ဒေါက်တာမြယဥ်ယဥ်ငြိမ်း၊ ဌာနမှူး (ပါမောက္ခ) များ၊ သင်ကြားရေး ဆရာ/ ဆရာမများကဂုဏ်ပြုဆု​ငွေ၊ ဆုဆွဲပြား၊ ဆုဖလားတို့ကို ချီးမြှင့်​ပေးအပ်ခဲ့​ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)