မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ဒါးက မြစ်ရေမြင့်တက်မှုကြောင့် ယာယီပိတ်ထားသည့်အခြေခံပညာကျောင်းများအနက် (၆) ကျောင်း ထပ်မံပြန်လည်ဖွင့်လှစ်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် နေ့စဉ် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ဒါးက မြစ်ရေမြင့်တက်မှုတို့ကြောင့် ကျောင်းဝင်းအတွင်းရေများဝင်ရောက်ခြင်းနှင့် ကျောင်းသား/သူများ ကျောင်းသွားရာလမ်းများ ရေကျော်ခြင်းတို့ကြောင့် ယာယီပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများအနက် ကျောင်း (၆) ကျောင်းအား ဩဂုတ်လ (၈) ရက်နေ့ကထပ်မံ၍ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။