ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားတက်ရောက်ကြမည့် လူငယ်ကိုယ်စားလှယ်များနှင့်တွေ့ဆုံပွဲ တက်ရောက်

၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ ရခိုင်ပြည်နယ်ကိုယ်စား ပြုဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ကန့်ဘလူမြို့၌ ခဲအဆိပ်အန္တရာယ်အကြောင်း သိကောင်းစရာ Talk Show ကျင်းပ

ကန့်ဘလူမြို့၌ ခဲအဆိပ်အန္တရာယ်အကြောင်း သိကောင်းစရာ Talk Show ကျင်းပ ကန့်ဘလူ ဩဂုတ် ၉ အောင်ဝင်းငြိမ်း(ကန့်ဘလူ)

အိမ်မဲမြို့နယ် Community Centre ခန်းမတွင် လူကုန်ကူးမှုတိုက်ဖျက်ရေးအသိပညာပေး Talk Show ကျင်းပ

အိမ်မဲမြို့နယ် Community Centre ခန်းမတွင် လူကုန်ကူးမှုတိုက်ဖျက်ရေးအသိပညာပေး Talk Show ကျင်းပ အိမ်မဲ သြဂုတ် ၉ ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကျပ် ၈ ဘီလီယံနှင့်စပ်လျဉ်း၍ မန္တလေးတိုင်းဒေသကြီး ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကျပ် ၈ ဘီလီယံနှင့်စပ်လျဉ်း၍ မန္တလေးတိုင်းဒေသကြီးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးသိန်းဋ္ဌေးနှင့်ကော်မတီဝင်များ၊ ခရိုင်စီမံကိန်းကြီးကြပ်မှုကော်မတီဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

စေတုတ္တရာမြို့နယ်၌ ကျောင်းကျန်းမာရေးသီတင်းပတ် အထိမ်းအမှတ် လှုပ်ရှားမှုပြိုင်ပွဲများ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနမှကြီးမှူး၍ မြို့နယ်မိခင်နှင်ကလေးစောင့်ရှောက်ရေးအသင်းတို့၏ ပူးပေါင်းမှုဖြင့် ကျောင်းကျန်းမာရေးသီတင်းပတ် အထိမ်းအမှတ်လှုပ်ရှားမှုအဖြစ် ကျန်းမာရေးဆိုင်ရာ မေးခွန်းများဖြေဆိုခြင်း၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကဗျာရွတ်ဆို ယှဉ်ပြိုင်ခြင်းများကို အ.လ.က(ခွဲ) အမှတ်(၁)၊ အ.ထ.က (စေတုတ္တရာ)ကျောင်းများတွင် ယမန်နေ့ နံနက် (၉) နာရီက ကျင်းပပြုလုပ်သည်။

တာချီလိတ်မြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်သန်းခေါင်စာရင်း အတွင်းရေးမှူးနှင့် သန်းခေါင်စာရင်းကော်မတီအဖွဲ့ဝင်များ တွေ့ဆုံ၍ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ရေကြီးရေလျှံမှုဖြစ်စဉ်များကြောင့် ထိခိုက်လမ်းပိုင်းများနှင့်စိုက်ပျိုးမြေများအား အချိန်မီပြန်လည်ပြင်ဆင်ထွန်ယက်စိုက်ပျိုးနိုင်ရေးကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်အတွင်း ဇူလိုင်လစတုတ္ထပတ်ခန့်မှစ၍ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းပြီး မြစ်ရေချောင်းရေများ စိုးရိမ်ရေမှတ်အထက်ကျော်လွန်ရောက်ရှိကာ ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ ပြည်နယ်၏ ဆက်သွယ်ရေးလမ်းပိုင်းများ အနိမ့်ပိုင်းနေရာများနှင့် စိုက်ပျိုးပြီးမြေဧရိယာများ ရေဖုံးလွှမ်းမှုဖြစ်စဉ်များဖြစ်ပွားခဲ့သည့်အတွက် ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ထိခိုက်လမ်းပိုင်းများအမြန်ဆုံး ပြန်လည်ပြင်ဆင်ဆောင်ရွက်နိုင်ရေး၊ မိုးစပါးနှင့်မိုးသီးနှံများ အချိန်မီ ပြန်လည်ကုစားထွန်ယက်စိုက်ပျိုးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

မြစ်သားမြို့နယ်အတွင်းရှိ ၂၀၂၄-၂၀၂၅ ခုနှစ်အတွက် မိုးစပါးစိုက်ပျိုးရန်လျာထားဧက (၆၂၃၈၅) လျာထားပြီး   ဧက(၁၃၄၁၉) ကျော် စိုက်ပျိုးပြီးစီး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စားနပ်ရိက္ခာဖူလုံရေးအတွက် ၂၀၂၄-၂၀၂၅ ခုနှစ်အတွက် မိုးစပါးစိုက်ပျိုးရန်လျာထားဧက(၆၂၃၈၅)လျာထားပြီး ယနေ့အထိ မြေပြင်၌မိုးစပါးဧက(၁၃၄၁၉) စိုက်ပျိုးပြီးစီး၍ ဒေသခံတောင်သူများက ဆက်လက်စိုက်ပျိူးလျက်ရှိကြောင်း သိရသည်။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေး အသိပညာပေး Talk Show

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ရွှေဘို ဩဂုတ် ၈ ရွှေဘိုခရိုင်ရုံး (ပြန်/ဆက်)
Subscribe to