ပုသိမ်ကြီး ဩဂုတ် ၉
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းဖွင့်လှစ် ကျင်းပသည့် အခမ်းအနားမှူးသင်တန်းကို ယနေ့နံနက် ၉ နာရီက အ.ထ.က ပုသိမ်ကြီးရှိ အောင်ဇမ္ဗူခန်းမဆောင်၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ခေတ္တမြို့နယ်ပညာရေးမှူး ဦးမျိုးဇော်ခိုင်က အဖွင့်အမှာစကားပြောကြားပြီး၊ အခမ်းအနားမှူး သင်တန်းပို့ချမည့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တွဲဖက်မြို့နယ် ဦးစီးအရာရှိ ဒေါ်ကြည်ကြည်နွဲ့က အခမ်းအနားမှူး သင်တန်းဖွင့်လှစ်မှုအပေါ် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သင်တန်းနည်းပြဆရာမများက သင်ကြားပေးခဲ့သည်။
အဆိုပါ သင်တန်းတွင် ပုသိမ်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ စုစုပေါင်း (၁၂၀) ခန့် တက်ရောက်ခဲ့ကြသည်။ အခြေခံပညာကျောင်းများတွင် အခမ်းအနားများပြုလုပ်ပါက အခက်အခဲမရှိစေရန် သင်တန်းအား ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။
(မြို့နယ်ပြန်/ဆက်)