မက်မန်း ဩဂုတ် ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများအား ကျောင်းစာများအပြင် ပြင်ပဗဟုသုတစာပေများ ပိုမိုဖတ်ရှု လေ့လာစေရန်၊ စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများ ရရှိစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲကို ဩဂုတ်လ (၇) ရက်နေ့က နယ်ခြားကျောင်းတွင် သွားရောက်ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဥမ္မာချို (လက်ထောက် ညွှန်ကြားရေးမှူး)က ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများနှင့် ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် နယ်ခြားကျောင်းမှ Grade-6 ကျောင်းသား၊ ကျောင်းသူ (၃၀) ဦးတို့မှ စာဖတ်စွမ်းရည်ပြိုင်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ဆက်လက်၍ မက်မန်းခရိုင်ရုံးမှ ပြသထားသည့် လူငယ်ရေးရာ အသိပညာပေး နံရံကပ်စာစောင်ကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။ ပြိုင်ပွဲတွင် ဆုရ ကျောင်းသား၊ ကျောင်းသူများကို ဒေါ်ဥမ္မာချို (လက်ထောက်ညွှန်ကြားရေးမှူး)၊ ကျောင်းအုပ် ဆရာမကြီး ဒေါ်စိုးစိုးလှိုင်နှင့် ဆရာ/ဆရာမများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီး အဆိုပါ အခမ်းအနားသို့ ဆရာ၊ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ (၈၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရ သည်။
စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)