ကော့သောင်းမြို့၌ အဏ္ဏဝါမြစ်အတွင်း ပလတ်စတစ်ကင်းစင်ရေး အသိပညာပေး

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ရေကြောင်းပို့ဆောင်ရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီး ဌာနတို့ ပူးပေါင်း၍ အဏ္ဏဝါမြစ်အတွင်းပလတ်စတစ်ကင်းစင်ရေး အတွက် ယနေ့မွန်းလွဲပိုင်းက ကော့သောင်းမြို့၊ ရွှေင်္ဟသာရပ်ကွက်ရှိ FOB စစ်ဆေးရေးစခန်း၌ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ကော့သောင်းမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး၊‌ ‌ဟောပြောပွဲနှင့် စာဖတ်ဝိုင်းပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင်စာဖတ်ရှိန်မြှင့်တင်ရေး၊‌‌ ဟောပြောပွဲနှင့် စာဖတ်ဝိုင်းကို ယနေ့မွန်လွဲပိုင်းက အ.လ.က (ခွဲ)သီရိမြိုင်ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်းတုန်းမြို့တွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှုကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့၊ ပြည်သူ့ဆေးရုံတွင် ယမန်နေ့ နံနက် (၁၀) နာရီက အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှုကျင်းပရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးကိုကိုခိုင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။

မိုင်းယောင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။

ကံမမြို့နယ်၌ ကျောင်းကျန်းမာရေး သီတင်းပတ်(အကြို) ကျန်းမာရေးနှင့်ပတ်သက်သော ဗဟုသုတမေးခွန်းများဖြေဆို

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းကျန်းမာရေး သီတင်းပတ်(အကြို) လှုပ်ရှားမှုအနေဖြင့် ကျန်းမာရေးနှင့်ပတ်သက်သော ဗဟုသုတမေးခွန်းများဖြေဆိုခြင်းကို ကံမမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် အလယ်တန်းကျောင်းများတွင် ပြုလုပ်လျက်ရှိရာ ယမန်နေ့နံနက်က ပြောင်ကျကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ(ပြောင်ကျ)၌ ကျောင်းသား/ ကျောင်းသူများက ဖြေဆိုခဲ့ကြသည်။

ရှမ်းရွာသစ်မြို့တွင် သဘာဝဘေးအန္တရာယ်ကြောင့် လယ်မြေ (၁၂၈)ဧက ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဇူလိုင်လ(၂၅)ရက်နေ့တွင် မိုးများအဆက်မပြတ် ရွာသွန်းခဲ့ပြီး  တောင်ကျရေများနှင့် မိုးရေများဝင်ရောက်မှုကြောင့် ရင်းဘိုင်းကျေးရွာအုပ်စုနှင့် မဲလရောကျေးရွာအုပ်စုရှိ တောင်သူများ၏ လယ်ယာမြေများတွင် ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်ခဲ့ရာ လယ်ယာ (၁၂၈)ဧက ပျက်စီးသွားကြောင်းသိရသည်။

ရှမ်းရွာသစ်မြို့တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများနှင့်ကလေးသူငယ်များ ကလေးအလုပ်သမားနှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာ မူလတန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကံမမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ အင်းကြီးကုန်းကျေးရွာ အလယ်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဩဂုတ်လ (၇) ရက်နေ့ နေ့လယ် (၂) နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်နှင့်တိုက်နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်နှင့်တိုက်နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအား ယနေ့ညနေ (၃)နာရီက အမှတ်(၃)ရပ်ကွက်ရှိ ပြည်သူ့အားကစားကွင်းအတွင်းကျင်းပသည်။
Subscribe to