မြိတ်မြို့ကန်တော်မင်္ဂလာအတွင်း၌ ရေပေါ်ဆိုလာလျှပ်စစ်ဓာတ်အားပေးစက်ရုံ (Floating Solar Power Plant) တည်ဆောက်ရေးကိစ္စများနှင့်စပ်လျဉ်း၍ ဒေသခံများအား ရှင်းလင်း

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ကန်တော်မင်္ဂလာရေကန်အတွင်းတွင် Myanmar Solor Power Tranding Co.,Ltd မှ ရေပေါ်ဆိုလာ လျှပ်စစ်ဓာတ်အားပေးစက်ရုံ (Floating Solar Power Plant) တည်ဆောက်ရေးစီမံကိန်းနှင့်ပတ်သက်၍ ဒေသခံများအား ရှင်းလင်းဆွေးနွေးခြင်းနှင့်သဘောထားရယူခြင်းကို ယနေ့နံနက်ပိုင်းက ပုလဲရတနာခန်းမတွင် ကျင်းပခဲ့သည်။

ဘားအံတက္ကသိုလ် ပတ္တမြားနယ်မြေ၌ မိုးရာသီ(ပဥ္စမအကြိမ်)သစ်ပင်စိုက်ပွဲအနေဖြင့် သစ်မျိုးစုံ (၆၃၈)ပင် စိုက်ပျိုး

ယခုနှစ်မိုးရာသီတွင် ကရင်ပြည်နယ်အတွင်း သစ်တောဦးစီးဌာနမှ ပျိုးပင်ပေါင်း နှစ်သိန်းခုနှစ်သောင်းကျော် စိုက်ပျိုးသွားရန် လျာထားဆောင်ရွက်လျက်ရှိရာ ယခုအခါ နှစ်သိန်းနှစ်သောင်းကျော် ရာခိုင်နှုန်းအားဖြင့် ၈၁ ဒဿမ ၆၀ ရာခိုင်နှုန်း စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရပြီး ယနေ့နံနက် ၇ နာရီက ဘားအံတက္ကသိုလ် ပတ္တမြားနယ်မြေတွင် မိုးရာသီ(ပဥ္စမအကြိမ်) သစ်ပင်စိုက်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင် ညောင်ရွှေမြို့နယ် မိုင်းသောက်ပထမစာသင်တိုက်ဆရာတော် နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဌဂုရု၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသုမင်္ဂလာဘိဝံသအား သွားရောက်ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း

ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်(၉)နာရီက ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ကျေးရွာ၊ မိုင်းသောက်ပထမစာသင်တိုက်ဆရာတော် နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဌဂုရု၊ အဂ္ဂမဟာသဒ္ဓမ္မ‌ဇောတိကဓဇ ဘဒ္ဒန္တသုမင်္ဂလာဘိဝံသ ဆရာတော်ကြီးအား သွားရောက်ဖူးမြော်ကြည်၍ လှူဖွယ်ဝတ္ထုပစ္စည်းနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းပြီး သာသနာရေးဆိုင်ရာများအား လျှောက်ထားတင်ပြခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ကောင်စီမှ ၂၀၂၄ ခုနှစ်၊ တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတက်ရောက်ပြီး နေပြည်တော်အတွင်း သန့်ရှင်းသာယာလှပရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီမှ ၂၀၂၄ ခုနှစ်၊ တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ်၊ ဖိုးဇောင်းတောင်၊ တောင်ညိုကြိုးဝိုင်း၊ အကွက်အမှတ်(၆၀)၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ကော်မတီဝင်များနှင့်ဌာနကြီးမှူးများ၊ နေပြည်တော်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာများမှ ပြည်သူများ တက်ရောက်ကြသည်။

ကလေးဝမြို့တွင် တောင်သူများအား မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးနည်း ကွင်းသရုပ်ပြပွဲ ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် ဒေသခံတောင်သူများ သီးနှံအထွက်တိုးစေရန်နှင့် ကုန်ကျစရိတ်သက်သာစေရန် မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးနည်းကွင်းသရုပ်ပြပွဲကို တုန်နန်းကျေးရွာ ကွင်းအမှတ် ၄၅ ဦးပိုင် ၁၄ တောင်သူ ဦးမြတ်ဝင်းပိုင် လယ်မြေတွင် ယနေ့ နံနက် ၈ နာရီခွဲအချိန်၌ ပြုလုပ်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

အမှတ် (၁) အ.ထ.က တွင် ကျောင်းကျန်းမာရေးသီတင်းပတ်အထိမ်းအမှတ် လှုပ်ရှားမှုအဖြစ် Master Chef ပြိုင်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေး သီတင်းပတ်အထိမ်အမှတ် လှုပ်ရှားမှုအဖြစ်၊ Master Chef ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က အဆိုပါကျောင်းဝန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားကုတင်-၅၀၀ ဆံ့ ပြည်သူ့ဆေးရုံသို့ အဆင့်မြင့်လူနာကုတင် အစုံ (၃၀) လှူဒါန်းပွဲနှင့် ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားများသို့ တက်ရောက်၊ အမျိုးသားအားကစားပွဲတော် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ရေကူးအားကစားအသင်းအား ကြည့်ရှုအားပေး

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြို့ပြများ သန့်ရှင်းသာယာလှပရေးအတွက် ဘုရားကျောင်းကန်များနှင့် အခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို အပတ်စဉ် စနေနေ့တိုင်း ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ပေါ် အခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

မြဝတီမြို့ အ.ထ.ကခွဲ(၃)တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအသိပညာပေးဟောပြော

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ပြင်ပအသိပညာဗဟုသုတရရှိစေရေးအတွက် ဌာနဆိုင်ရာများအနေဖြင့် ကဏ္ဍအလိုက် လစဉ်အသိပညာပေးဟောပြောပွဲများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီတွင် အမှတ်(၇၃) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မြဝတီ)မှ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ သိရှိထားရမည့်အချက်များကို အသိပညာပေး ဟောပြောသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ပြည်သူများ လူကုန်ကူးမှုမခံရစေရန် ရည်ရွယ်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရဲကွပ်ကဲမှုအဖွဲ့မှူးရုံး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ တပ်ဖွဲ့စု (၁၅) တောင်ကြီးတို့ ပူးပေါင်း၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က သာသနာ့ဗိမာန်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ဒေသဖွံ့ဖြိုးရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် မြို့သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှု ကြည့်ရှုအားပေး

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းက သီရိမင်္ဂလာဈေးအသစ် တည်ဆောက်ရေးလုပ်ငန်းများ၊ ပြည်နယ်ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း သာသနိကအဆောက်အဦ ပြုပြင်နေမှုများ၊ ရွှေတောင်ပရိယတ္တိစာသင်တိုက်နှင့် အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများ၊ လွိုင်ကော်- လောပိတလမ်းမကြီးတစ်လျှောက် လမ်းဘေးဝဲယာ သန့်ရှင်းရေးဆောင်ရွက်ထားရှိမှုများနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ရေနီကန်ကျေးရွာနှင့် သတ္တပလူကျေးရွာချင်းဆက်လမ်း ကျောက်ချောလမ်းတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Subscribe to