အောင်လံမြို့၌ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ်(၁) နာရီက အ-ထ-က (၁) ရှေ့ ကျောင်းအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ကွန်ဟိန်းမြို့၌ ၀န်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်း(လီမိတက်)၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

ဝန်ထမ်းများ၏ လူနေမှုဘဝအဆင်ပြေစေရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်ရှိ ၀န်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်း(လီမိတက်)၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက နမ့်ပန်ခန်းမ၌ ကျင်းပခဲ့သည်။

မြို့သစ်မြို့နယ်တွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုများဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးလုပ်ငန်းများနှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် မူလတန်းကျောင်းသား၊ကျောင်းသူများ အစာအုပ်စုများ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် အလယ်တန်းအဆင့်ကျန်းမာရေးဆိုင်ရာမေးခွန်း (၁၀၀) ဖြေဆိုပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁)နှင့်အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းယုမြို့၌ ရှေ့တန်းရောက် တပ်မတော်သားများအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော ရှေ့တန်းရောက် တပ်မတော်သားများအတွက် စားသောက်ဖွယ်ရာ ငါး ခြောက်ငါးခြမ်းကြော်များကို ယမန်နေ့က စုပေါင်းထောက်ပံ့ပေးပို့ခဲ့ကြကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် ရွာသာယာကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး

‌မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့် မိသားစုဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ ရွာသာယာကျေးရွာ၌ ပထမအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ညောင်ရွှေမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၇ နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ရှိ အ.ထ.က(၂)ကျောင်းဝန်းအတွင်းနှင့် လမ်းဘေးဝဲယာတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးတို့အတွက် စာကြည့်တိုက်များ ဆောက်လုပ်မှုအား ကွင်းဆင်းကြည့်ရှု

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာကြည့်တိုက်ဆောက်လုပ်ခြင်းလုပ်ငန်းအား ယမန်နေ့နံနက် ၁၀ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့သစ်မြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ပြပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့နေ့လယ်(၁)နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ပြပွဲကျင်းပခဲ့သည်။

မိုင်းခတ်မြို့နယ်တွင် ၂၀၂၄ ခုနှစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ၂၀၂၄ ခုနှစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ(၃)နာရီအချိန်က မိုင်းခတ်မြို့နယ်၊ မြို့မအားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

မိုးညိုမြို့နယ်၌ အဖြူရောင်မေတ္တာ ပရဟိတအသင်းမှ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့လှူဒါန်း

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်းရှိ ရေကြီးနစ်မြုပ်ခဲ့သည့် ကျေးရွာများရှိ ရေဘေးသင့်ပြည်သူများ စားသောက်ရေးအဆင်ပြေစေရန်အတွက် ဒေါပုံမြို့နယ် အဖြူရောင်မေတ္တာ ပရဟိတအသင်းသား/အသင်းသူများက နေအိမ်များသို့ သွားရောက်၍ ယမန် နေ့က ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
Subscribe to