မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးတက္ကသိုလ်တွင် သန့်ရှင်းသာယာလှပစေရေး ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်နှင့် မြို့နယ်များတွင် မြို့ရွာသန့်ရှင်းသာယာလှပရေး၊  ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် ဆေးရုံဆေးခန်းများ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးတို့အတွက် အပတ်စဉ်(စနေနေ့တိုင်း) စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၇ နာရီ အချိန်က မကွေးတက္ကသိုလ်၌ ဌာနဆိုင်ရာများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတပ်နယ်မှ အကြီးအကဲများ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ သွားရောက်၍ကြည့်ရှုအားပေးသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက်အလုပ်ရုံဆွေးနွေးပွဲနှင့်စာအုပ်လှူဒါန်းပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ ရပ်ကွက်နှင့်ကျေးရွာများရှိ စာကြည့် တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက်အလုပ်ရုံဆွေးနွေးပွဲနှင့်စာအုပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ တိပိဋကာလင်္ကာရသာမဏေကျော်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတိုက်ကြီးအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု လိုက်လံကြည့်ရှုအားပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်ရှိ ဆရာတော်၊ သံဃာတော်များ ဝါတွင်းကာလအတွင်း စိတ်အေးချမ်းသာစွာဖြင့် တရားဘာ၀နာများ ပွားများနိုင်စေရန်အတွက် ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ တိပိဋကာလင်္ကာရသာမဏေကျော် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတိုက်ကြီးအတွင်း သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ် ထွင်ရှင်းလင်းခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေနုတ် မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးတို့အတွက် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

အင်္ဂပူမြို့နယ်၌ ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မြို့နယ်အဆင့်အောင်ချက်အကောင်းဆုံးကျောင်းများနှင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၌ ၂၀၂၄ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် မြို့နယ်အဆင့် အောင်ချက်အကောင်းဆုံးကျောင်းများနှင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက  အ-ထ-က(အင်္ဂပူ)ငုရွှေဝါခန်းမ၌ ကျင်းပခဲ့သည်။

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ဂုဏ်ထူးရ ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ချီးမြှင့်ပေးအပ်သော  ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများအား (ခရိုင်အဆင့်)မှကိုယ်စား ဂုဏ်ပြုဆုချီးမြှင့်‌ပေးအပ်ခြင်း အခမ်းအနားကို ဩဂုတ်လ ၁၀ ရက်နေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (မြို့မ) ပညာရတနာခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

ညောင်လေးပင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်သုံးဘီးယာဉ်ဖြင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူး‌ပေါင်း၍ ကျောင်းသား၊ ကျောင်းသူလေးများ အားလပ်သည့်အချိန်တွင် စာအုပ်စာစောင်များလေ့လာဖတ်ရှုသည့် အလေ့အကျင့် ကောင်းများနှင့် အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရွေ့လျားစာကြည့်တိုက်သုံးဘီးယာဉ်ဖြင့် နယ်လှည့်စာကြည့်တိုက်စာငှား၊ စာဖတ်ဝန်ဆောင်မှုပေးခြင်း၊ အသိပညာပေးဟောပြောခြင်းနှင့်နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ညောင်လေးပင်မြို့အ.ထ.က(၂)ကျောင်း၌ ပြုလုပ်ခဲ့သည်။

၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသားကျောင်းသူများ၊ ဂုဏ်ထူးသင်ဆရာ/မများနှင့် အောင်ချက်အကောင်းဆုံးကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများ၊ ဂုဏ်ထူးသင်ဆရာ/မများနှင့် အောင်ချက်အကောင်းဆုံးကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ရွှေနော်သီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြိတ်မြို့ကန်တော်မင်္ဂလာအတွင်း၌ ရေပေါ်ဆိုလာလျှပ်စစ်ဓာတ်အားပေးစက်ရုံ (Floating Solar Power Plant) တည်ဆောက်ရေးကိစ္စများနှင့်စပ်လျဉ်း၍ ဒေသခံများအား ရှင်းလင်း

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ကန်တော်မင်္ဂလာရေကန်အတွင်းတွင် Myanmar Solor Power Tranding Co.,Ltd မှ ရေပေါ်ဆိုလာ လျှပ်စစ်ဓာတ်အားပေးစက်ရုံ (Floating Solar Power Plant) တည်ဆောက်ရေးစီမံကိန်းနှင့်ပတ်သက်၍ ဒေသခံများအား ရှင်းလင်းဆွေးနွေးခြင်းနှင့်သဘောထားရယူခြင်းကို ယနေ့နံနက်ပိုင်းက ပုလဲရတနာခန်းမတွင် ကျင်းပခဲ့သည်။

ဘားအံတက္ကသိုလ် ပတ္တမြားနယ်မြေ၌ မိုးရာသီ(ပဥ္စမအကြိမ်)သစ်ပင်စိုက်ပွဲအနေဖြင့် သစ်မျိုးစုံ (၆၃၈)ပင် စိုက်ပျိုး

ယခုနှစ်မိုးရာသီတွင် ကရင်ပြည်နယ်အတွင်း သစ်တောဦးစီးဌာနမှ ပျိုးပင်ပေါင်း နှစ်သိန်းခုနှစ်သောင်းကျော် စိုက်ပျိုးသွားရန် လျာထားဆောင်ရွက်လျက်ရှိရာ ယခုအခါ နှစ်သိန်းနှစ်သောင်းကျော် ရာခိုင်နှုန်းအားဖြင့် ၈၁ ဒဿမ ၆၀ ရာခိုင်နှုန်း စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရပြီး ယနေ့နံနက် ၇ နာရီက ဘားအံတက္ကသိုလ် ပတ္တမြားနယ်မြေတွင် မိုးရာသီ(ပဥ္စမအကြိမ်) သစ်ပင်စိုက်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင် ညောင်ရွှေမြို့နယ် မိုင်းသောက်ပထမစာသင်တိုက်ဆရာတော် နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဌဂုရု၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသုမင်္ဂလာဘိဝံသအား သွားရောက်ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း

ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်(၉)နာရီက ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ကျေးရွာ၊ မိုင်းသောက်ပထမစာသင်တိုက်ဆရာတော် နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဌဂုရု၊ အဂ္ဂမဟာသဒ္ဓမ္မ‌ဇောတိကဓဇ ဘဒ္ဒန္တသုမင်္ဂလာဘိဝံသ ဆရာတော်ကြီးအား သွားရောက်ဖူးမြော်ကြည်၍ လှူဖွယ်ဝတ္ထုပစ္စည်းနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းပြီး သာသနာရေးဆိုင်ရာများအား လျှောက်ထားတင်ပြခဲ့ကြောင်း သိရသည်။
Subscribe to