မြဝတီမြို့ အ.ထ.ကခွဲ(၃)တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအသိပညာပေးဟောပြော

မြဝတီ ဩဂုတ် ၁၀

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ပြင်ပအသိပညာဗဟုသုတရရှိစေရေးအတွက် ဌာနဆိုင်ရာများအနေဖြင့် ကဏ္ဍအလိုက် လစဉ်အသိပညာပေးဟောပြောပွဲများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီတွင် အမှတ်(၇၃) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မြဝတီ)မှ အမှတ်()အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ သိရှိထားရမည့်အချက်များကို အသိပညာပေး ဟောပြောသည်။

ရှေးဦးစွာအမှတ်()အခြေခံပညာအထက်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာကြီးဒေါ်မာလာအောင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အသိပညာပေးဟောပြောပေးမှုအပေါ် စိတ်ပါဝင်စားစွာဖြင့် သေချာမှတ်သားထားစေလိုကြောင်း အမှာစကားပြောကြားပေးပြီး အမှတ်(၇၃)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မြဝတီ)မှ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူးအောင်လင်းဌေးက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံငါးရပ်တွင် ပါဝင်သည့်အချက်များ၊ ယာဉ်မောင်းသူများနှင့် လမ်းအသုံးပြုသူများလိုက်နာရမည့်အချက်များ၊ လမ်းညွှန်အမှတ်အသားများနှင့်အသိပညာပေး အကြောင်းအရာတို့ကို ပရိုဂျက်တာဖြင့် ရှင်းလင်း‌ဟောပြောပေးသည်။

အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၈၀ ဦး တက်ရောက်ခဲ့ကြပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင် အခမဲ့ဖြန့်ဝေပေးကြောင်း သိရသည်။

ဇာဖြူဝင်း(မြဝတီ)