မဟာအောင်မြေမြို့နယ်၌ စာဖတ်ရှိန်​မြှင့်တင်ရေး လူငယ်ရေးရာဟောပြောပွဲနှင့် စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲကျင်းပ

မန္တလေးတိုင်း​ဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ မြို့နယ်ပြန်​ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ စာဖတ်ရှိန်​မြှင့်တင်ရေး လူငယ်ရေးရာဟောပြောပွဲနှင့်စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲကို ယ​နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းတွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အားကစားဝါသနာရှင် ပြည်သူများ တက်ရောက်အားပေးခဲ့ကြသည်။

ပျော်ဘွယ်မြို့နယ်တွင် ကျေးရွာစာကြည့်တိုက်များသို့ စာအုပ်များပေးအပ်လှူဒါန်းပွဲကျင်းပ

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များ အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ကျေးရွာစာကြည့်တိုက်များသို့ စာအုပ်များ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်(၉)နာရီခွဲက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပခဲ့သည်။

စေတုတ္တရာမြို့နယ်တွင် အခြေခံပညာကျောင်းသား အားကစားပွဲတော်အတွက် မြို့နယ်အဆင့်လူရွေးပွဲအတွက် ကျောင်းပေါင်းစုံပဏာမလူရွေးပွဲ ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် တိုင်းဒေသကြီးအဆင့် အခြေခံပညာကျောင်းအားကစားပွဲတော်အတွက် အရည်အချင်းပြည့်မီသော ထူးချွန်အားကစားသမားများစေလွတ်နိုင်ရေး မြို့နယ်အဆင့်လူရွေးပွဲအတွက် ကျောင်းပေါင်းစုံမှ ပဏာမအားကစားသမားများ လူရွေးချယ်ခြင်းအဖြစ်အားကစားပြိုင်ပွဲများကို ယနေ့နံနက်၇နာရီအချိန်ကစ၍ အမှတ်(၂)ရပ်ကွက် မြောက်ခေတ္တရာရပ်ကွက်ရှိ မြို့နယ်အားကစားကွင်း၌ ကျင်းပဆောင်ရွက်ခဲ့သည်။

အ.မ.က(ရွှေကြို့ပင်)၌ စာဖတ်ရှိန်မြင့်မားရေး နယ်လှည့်စာကြည့်တိုက်၊ အသိပညာပေးဟောပြောပွဲ၊ နံရံစာ​​စောင်ပြပွဲကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်း​ဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းဖြစ်သော အသိပညာပေးဟောပြောပွဲ၊  နံရံကပ်စာစောင်ပြပွဲနှင့် Mobile စာကြည့်တိုက်ဖွင့်လှစ်ပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာမူလတန်းကျောင်း(ရွှေကြို့ပင်)၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်၊ အ-ထ-က(၂၇)ကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မူလတန်းအဆင့် ဘာသာရပ်စုံ မွမ်းမံသင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အ-ထ-က(၂၇)ကျောင်းတွင် မြို့နယ်အတွင်းရှိ မူလတန်းပြဆရာ/ဆရာမများ မိမိတို့တာဝန်ယူရသည့် ဘာသာရပ်များ ကျွမ်းကျင်တတ်မြောက်ပြီး ကျောင်းသား/ကျောင်းသူများအား ပြန်လည်သင်ကြားပို့ချနိုင်ရေးအတွက် မူလတန်းအဆင့် ဘာသာရပ်စုံမွမ်းမံသင်တန်းကို ယမန်နေ့နံနက် ၉ နာရီမှစတင်၍ ဖွင့်လှစ်ခဲ့သည်။

မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဉာဏ်စမ်းပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်နှင့် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီခွဲအချိန်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဉာဏ်စမ်းပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ကျိုက်လတ်မြို့နယ် အ.ထ.က (ဖောင်ရိုးချောင်း)တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေး ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေးနှင့် အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ လူငယ်အသိပညာပေး ဟောပြောပွဲများကို ယနေ့နံနက်ပိုင်းက ဖောင်ရိုးချောင်းကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

တံတားဦးမြို့နယ်တွင် မိုးစပါးများ အောင်မြင်ရေးနှင့် အထွက်နှုန်းကောင်းမွန်ရေး တောင်သူများ မျှော်လင့်

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် စိုက်ပျိုးထားသော မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် မိုးစပါးများ အောင်မြင်ရေးနှင့် အထွက်နှုန်းကောင်မွန်ရေး တောင်သူများ မျှော်လင့် နေကြကြောင်း သိရသည်။

စစ်ကိုင်းမြို့တွင် အမျိုးသမီးများ ဝင်ငွေတိုးရေး စက်ချုပ်သင်တန်းဆင်းပွဲ ကျင်းပ

စစ်ကိုင်းခရိုင် အသေးစားစက်မှု/လက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ အသေးစားကုန်ထုတ်လုပ် ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေး စီမံကိန်းအတွက် အမျိုးသမီးများ ဝင်ငွေတိုးရေး ဆောင်ရွက်မည့်လုပ်ငန်း အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကို ယနေ့နံနက် (၁၀)နာရီက အဆိုပါရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to