ပွင့်ဖြူမြို့နယ် မင်းရွာကျေးရွာ၌ VRFP စီမံကိန်းရန်ပုံငွေ ထုတ်ချေး
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မင်းရွာကျေးရွာ၌ ကျေးရွာမတည်စီမံကိန်းရန်ပုံငွေ(VRFP)ဖြင့် တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်ရန်အတွက် ပဉ္စမအကြိမ် စီမံကိန်းရန်ပုံငွေ ပြန်လည်ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။