ရွှေတောင်မြို့နယ်တွင် ကျောင်းကျန်းမာရေးလှုပ်ရှားမှုများ ပြုလုပ်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း အခြေခံပညာစာသင်ကျောင်းများတွင် ကျောင်းကျန်းမာရေးလှုပ်ရှားမှုများ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကြာနီကန်ရပ်ကွက်၊ အ.မ.ကကူကြီးကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

မိတ္ထီလာတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ သုတေသနပြပွဲနှင့် ပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာတက္ကသိုလ်၌ ၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ်ဘာသာရပ်ပေါင်းစုံ သုတေသနပြပွဲနှင့် ပြိုင်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီအချိန်က အဆိုပါ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရွှေတောင်မြို့နယ်အတွင်း စားသုံးဆီများအား ရှောင်တခင်စစ်ဆေးဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မြို့မစျေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် စားသုံးဆီများအား ယမန့်နေ့နံနက်ပိုင်းက ရှောင်တခင်စစ်ဆေးဆောင်ရွက်ခဲ့သည်။

မက်မန်းမြို့ အေးကျန့်ကျောင်းတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင် ပြသ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်လျော့နည်းစေရန်နှင့် ကလေးအလုပ်သမား၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်ပြသခြင်း ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က မက်မန်းမြို့ အေးကျန့်ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်အနောက်ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၌ သတင်းရေးသားနည်းသင်တန်း (၂/၂၀၂၄)ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၌ ဝန်ထမ်းများ ဌာန၏လုပ်ငန်းတာဝန်များကို နားလည်တတ်မြောက်စေရန်ရည်ရွယ်၍ သတင်းရေးသားနည်းသင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဖွင့်လှစ်သင်ကြားပို့ချခဲ့သည်။

တံတားမြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

ရန်ကုန်တိုင်းသေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာပေဝါသနာရှင်များနှင့် (Youth Club)အဖွဲ့ဝင်များပူးပေါင်း၍ စာရေးဆရာပါရဂူရေးသားသည့် “သမိုင်းသင်ခန်းစာ” စာအုပ်ဖြင့်  ယနေ့နံနက်(၉)နာရီအချိန်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

ချောက်မြို့နယ်တွင် အာဟာရဖွံ့ဖြိုးရေး ဒုတိယရက်သတ္တပတ်လှုပ်ရှားမှုများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးလုပ်ငန်းများနှင့် အာဟာရဖွံ့ဖြိုးရေး ဒုတိယရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် မူလတန်းကျောင်းသား၊ကျောင်းသူများအား အစာအုပ်စုများ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ အထက်တန်းအဆင့် အာဟာရကျန်းမာရေးဆိုင်ရာ မေးခွန်း(၁၀၀)ဖြေဆိုပြိုင်ပွဲကို ယနေ့နံနက်၉နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းများတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်၌ မူးယစ်အန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ

မိုင်းယောင်းမြို့နယ်၌ မူးယစ်အန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ မိုင်းယောင်း ဩဂုတ် ၁၃ ဝေဝေခိုင်(ပြန်/ဆက်)

ပေါက်ခေါင်းမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးနှောင်းဝါစိုက်ပျိုးထားရှိမှုအား ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တစ်ဧကလျှင် ကျပ်(၂)သိန်းနှင့်ညီမျှသော သွင်းအားစုများအား အခြေခံသမဝါယမအသင်း (၈)သင်း၊ အသင်းသား (၃၃၄)ဦး၏ ဝါစိုက်ဧက (၁၀၀၀)အတွက် ကျပ်သိန်း (၂၀၀၀)အား ပံ့ပိုးပေးခဲ့ပြီး ငါးခူအိုင်ကျေးရွာအုပ်စု ငွေလမင်းစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းမှ အသင်းသားတောင်သူ ဦးအောင်မြင့်သိန်း၏ ဝါစိုက်ခင်းမှ RAKA-666 မျိုးစိုက်ပျိုးထားရှိမှုအား ဩဂုတ်လ ၁၁ ရက်နေ့က မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုတို့မှ တာဝန်ရှိသူများက ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Subscribe to