မဟာအောင်မြေမြို့နယ်၌ စာဖတ်ရှိန်​မြှင့်တင်ရေး လူငယ်ရေးရာဟောပြောပွဲနှင့် စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲကျင်းပ

မဟာအောင်မြေ သြဂုတ် ၁၃

မန္တလေးတိုင်း​ဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ မြို့နယ်ပြန်​ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ စာဖတ်ရှိန်​မြှင့်တင်ရေး လူငယ်ရေးရာဟောပြောပွဲနှင့်စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲကို ယ​နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ အမှတ်(၁)  အခြေခံပညာအလယ်တန်းကျောင်းခွဲ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားခဲ့သည်။  ဆက်လက် ၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦး​မြင့်သိန်းစိုးက ကျောင်းသား/သူများအား စာပေနှင့်ပတ်သက်၍ ပြောကြားရာတွင် ကျောင်းသား/သူများ ဗလငါးတန်နှင့်​ပြည့်စုံ​စေရန်၊ အားလပ်တဲ့အချိန်မှာ စာပေတွေကို လေ့လာစေလိုကြောင်း၊ ပညာလိုအိုသည်မရှိ ပညာတတ်မြောက်မှသာ အမှားအမှန်ဝေဖန်နိုင်မည်​ဖြစ်ကြောင်း၊ စာကိုကြိုးစားသင်ယူသင့်ကြောင်း၊ အကောင်းအဆိုးခွဲခြားတတ်စေရန် အခြားသော ပြင်ပဗဟုသုတများကိုလည်း ရှာဖွေသင့်ကြောင်းနှင့် ကျောင်းသား/သူများအား မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ပြောကြားရာတွင်လည်း မူးယစ်ဆေးဝါးသည် လူသားတွေကို ကောင်းကျိုးမပေးဘဲ လူဦးနှောက်တွေကို  မူးယစ်ထုံမှိုင်း​စေသောကြောင့် စမ်းသပ်မသုံးစွဲသင့်ကြောင်း၊ မူးယစ်ဆေးဝါးအစဆေးလိပ်ကဆိုသည့်အတိုင်း မူယစ်ဆေးဝါးကို စမ်းသပ်မသုံးစွဲသင့်ကြောင်း၊ ယခုလူငယ်နှောင်ဝယ်လူကြီးဆိုသည့်အတိုင်း ငယ်ရွယ်စဉ်မှာ အမှားအမှန်ဝေဖန်နိုင်အောင် စာပေတွေကိုလေ့လာ့သင်ယူသင့်ကြောင်း၊ ကျောင်းနေ အရွယ်မှာပညာကိုသာဦးစားပေး သင်ယူလေ့လာသင့်ကြောင်း၊ ပညာတတ်မြောက်မှသာလျှင် လူဘောင်လောကလူလောက၌ ကောင်းစွာနေထိုင်သွားတတ်မည်ဖြစ်ကြောင်း စသည်များ ဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာ​စောင်များနှင့်​နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း