ကန့်ဘလူမြို့နယ်၌ ဧရာမင်းစပါးမျိုးစေ့ထုတ်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲနှင့် ဓာတ်မြေဩဇာ ပေးအပ်ပွဲကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်း မျိုးစပါး မျိုးသန့်စပါးမျိုးများ ဖူလုံစေရေးနှင့် မျိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဒေသခံတောင်သူများ မျိုးစပါးနှင့်ပတ်သက်ပြီး လိုက်နာရမည့်အချက်များ ပျိုးသက်မှန်စိုက်ပျိုးရေးနှင့် တစ်ဧကကောက်ကွက် ပြည့်မီရေးတို့အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ကြီးမှူး၍ ဧရာမင်းစပါးမျိုးစေ့ထုတ် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲနှင့် ယူရီးယားဓာတ်မြေဩဇာ ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီက ကွင်းအမှတ် ဆင်သေကွင်း၊ ဦးပိုင်အမှတ်(၄) တောင်သူဦးမျိုးနိုင်၏ ၂ ဧကစိုက်ကွင်း၌ ကျင်းပသည်။