ပြည်ကြီးတံခွန် ဩဂုတ် ၁၃
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အ-ထ-က(၂၇)ကျောင်းတွင် မြို့နယ်အတွင်းရှိ မူလတန်းပြဆရာ/ဆရာမများ မိမိတို့တာဝန်ယူရသည့် ဘာသာရပ်များ ကျွမ်းကျင်တတ်မြောက်ပြီး ကျောင်းသား/ကျောင်းသူများအား ပြန်လည်သင်ကြားပို့ချနိုင်ရေးအတွက် မူလတန်းအဆင့် ဘာသာရပ်စုံမွမ်းမံသင်တန်းကို ယမန်နေ့နံနက် ၉ နာရီမှစတင်၍ ဖွင့်လှစ်ခဲ့သည်။
အဆိုပါ သင်တန်းတွင် မြို့နယ်ပညာရေးမှူးဒေါ်နှင်းမူနှင့် ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်သန်းထွန်းတို့က အနီးကပ်ကြီးကြပ်၍ မြို့နယ်ပညာရေးမှူးရုံးမှ မူလတန်းအဆင့် ဘာသာရပ်ကျွမ်းကျင်သည့် ဆရာ/ဆရာမ(၃)ဦးတို့က နည်းပြများအဖြစ်ဆောင်ရွက်ကာ မူလတန်းပြဆရာ/ဆရာမ(၂၈)ဦးတို့အား သင်ကြားပို့ချခဲ့ပြီး သင်တန်းသား/သင်တန်းသူ ဆရာ/ဆရာမများက မိမိတို့သိရှိလိုသည်များ မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်းနှင့် သင်တန်းကာလမှာ အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ရက်သတ္တပတ်(၄) ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ပြောပြ၍ သိရသည်။
ခရိုင်(ပြန်/ဆက်)