ဟင်္သာတမြို့နယ်၌ အခြေခံပညာကျောင်းများတွင် အသိပညာပေးဟောပြော

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးရုံးမှ ကျောင်းသား/သူများအကြား  ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာတိုးပွားလာစေရန်နှင့် စွန့်ပစ်အမှိုက်များ စနစ်တကျ ခွဲခြားစွန့်ပစ်တတ်စေရန် ရည်ရွယ်၍ ယနေ့နံနက်၁၀ နာရီအချိန်တွင် ဟင်္သာတမြို့နယ် မရမ်းချိုကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း အ.မ.က(မရမ်းချို)၌ အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့သည်​။

တောင်ငူမြို့၌ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဥ်ဖြင့် ပြည်သူများလက်ဝယ်အရောက် စာအုပ်စာစောင်များ ငှားရမ်းပေး

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ငူခရိုင်ရုံးမှ ပြည်သူများစာဖတ်သည့်အလေ့အထများရှိလာစေရန်၊ စာပေကိုလက်လှမ်းမီစွာဖတ်ရှုလေ့လာနိုင်စေရန်၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတများကြွယ်ဝလာပြီး အမှန်နှင့်အမှားကို ဝေဖန်ပိုင်းခြားတတ်စေရန်၊ လူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဥ်ဖြင့် ယနေ့နံနက်ပိုင်းက ခရိုင်အိုးအိမ်ဦးစီးဌာန၊ ပြည်တော်သာဝန်ထမ်းအိမ်ရာနှင့် ခရိုင်နှင့်မြို့နယ်ပညာရေးမှူးရုံးသို့ သွားရောက်ငှားရမ်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ငပုတောမြို့နယ်တွင် စာကြည့်တိုက်များ တိုးတက်မြင့်မားစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်အခမ်းအနားအား စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် စာကြည့်တိုက်များ တိုးတက်မြင့်မားစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်အခမ်းအနားကို ငပုတောမြို့ အခြေခံပညာအထက်တန်း‌ကျောင်း နဝရတ်ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်သည်။

ကျိုက်ထိုမြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် လူငယ်များအသင်း(Youth Club)တို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းအဖြစ်  စာရေးဆရာကောင်းသန့်ရေးသားသည့် “တိုးတက် အောင်မြင် ပျော်ရွှင် ငြိမ်းချမ်း “စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်ခဲ့သည်။

ပန်းတနော်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်ဗီနိုင်းပိုစတာများပြသ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲနှင့် အသိပညာပေး နံရံကပ်ဗီနိုင်း ပိုစတာများ ပြသခြင်းကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ပြုလုပ်ခဲ့သည်။

ညောင်လေးပင်ခရိုင်အဆင့် (၂၅) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပနိုင်ရေး ကြိုတင်လုပ်ငန်းညှိနှိုင်းစည်းဝေးပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က (၂၅)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲများ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။

မအူပင်မြို့၌ ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ပြုပြင်ထိန်းသိမ်းမှု (အခြေခံ)တောင်သူသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၊ အမှတ်(၁၁) ရပ်ကွက်ရှိ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၅) အလတ်စားစက်ပြင်အလုပ်ရုံ၌ (၂/၂၀၂၄) ရိတ်သိမ်း ခြွေလှေ့စက် မောင်းနှင်ပြုပြင် ထိန်းသိမ်းမှု (အခြေခံ)တောင်သူသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီက အမှတ်(၅) အလတ်စား စက်ပြင်အလုပ်ရုံခန်းမတွင် ကျင်းပပြုလုပ်သည်။

တွံတေးမြို့နယ်တွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးနိုင်ရေး Bakery အမျိုးမျိုးထုတ်လုပ်မှု နည်းပညာမွမ်းမံသင်တန်း ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သန်လျင်ခရိုင်မှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေပြည်သူတို့၏ မိသားစုဝင်ငွေတိုးရေး စီမံကိန်းအစီအစဥ်ဖြင့် တွံတေးမြို့နယ် ကျွန်းတောရပ်ကွက်တွင် Bakery အမျိုးမျိုးထုတ်လုပ်မှု နည်းပညာမွမ်းမံသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျွန်းတောရပ်ကွက်ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to