မင်္ဂလာတောင်ညွန့်မြို့နယ်တွင် စာသင်ကျောင်းအခြေပြုမီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖို့မြေရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းတွင် စာသင်ကျောင်းအခြေပြု မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲအား ယမန်နေ့နံနက်(၀၉း၃၀)အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။