မိုင်းဖြတ် သြဂုတ် ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မိုးရာသီကာလ၌ ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးဖျန်းခြင်းကို ယမန်နေ့ ညနေ ၃နာရီအချိန်က မြို့မစျေးအတွင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများက မြို့မစျေးရှိ စျေးဆိုင်ခန်း ပေါင်းခန်းများအတွင် ခြင်များခိုအောင်းမှုမရှိစေရေးအတွက် ခြင်းဆေးဖျန်းခြင်းကို ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်နိုင်နှင့် တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များက လာရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ယင်းနောက် တာဝန်ရှိသူများက မီးသတ်ရေကန်နှင့် သောက်သုံးရေကန်များအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားစေသည့် ပိုးလောက်လန်းများ၊ခြပေါက်ပွားမှုမရှိစေရေး အဘိတ်ဆေးများခတ်ခြင်း၊ ဖုံး၊ သွန်၊ လှဲ၊ စစ်များကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရွှေကို(မိုင်းဖြတ်)