မင်္ဂလာတောင်ညွန့် ဩဂုတ် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖို့မြေရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းတွင် စာသင်ကျောင်းအခြေပြု မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲအား ယမန်နေ့နံနက်(၀၉း၃၀)အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် မင်္ဂလာတောင်ညွန့် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဉီးစီးမှူးဦးဌေးလင်းဦးက စာသင်ကျောင်းအခြေပြုမီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးအကြောင်းအရာအား ဟောပြောခဲ့ပြီး ကနဉီးမီးလောင်မှုဖြစ်ပွားပါက မီးငြှိမ်းသတ်နိုင်ရေးအတွက် လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြပါသည်။
ဟောပြောပွဲနှင့်သရုပ်ပြပွဲသို့ မြို့နယ်မီးသတ်စီးမှူးဉီးဌေးလင်းဉီးနှင့် မီးသတ်သန္ဓေတပ်ဖွဲ့ဝင်(၄)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၅)ဦး၊ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုးအေးနှင့်ဆရာမများ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။
မြို့နယ်(ပြန်ဆက်)