မုံရွာ ဩဂုတ် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး ပညာရေးမှူးရုံး၏ (၂၀၂၅) ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီက မုံရွာမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း သလ္လာဝတီ ခန်းမတွင် ပြုလုပ်ခဲ့သည်။ ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသက်လေးဦးက အမှာစကားပြောကြားသည်။
ဆက်လက်ပြီး မုံရွာခရိုင်ပညာရေးမှူး ဦးမြင့်ဆွေက ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းပြသည်။ ထို့နောက် တက်ရောက်လာသော ကျောင်းအုပ်ကြီးများနှင့် ဘာသာရပ်ခေါင်းဆောင်ဆရာ၊ ဆရာမကများက လိုအပ်ချက်များကို တင်ပြရာ ဒုတိယညွှန်ကြားရေးမှူးချုပ်က တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီးနောက် နိဂုံးချုပ်စကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
အဆိုပါ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲတွင် မုံရွာခရိုင် ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးများ အပါအဝင် ခရိုင်အတွင်းရှိ မြို့နယ်ပညာရေးမှူးများ၊ အခြေခံပညာအထက်တန်းကျောင်းအုပ်ကြီးများ နှင့် ဘာသာရပ်အလိုက်ခေါင်းဆောင် ဆရာ၊ ဆရာမများ စုစုပေါင်း (၁၇၀)ဦးအား အမှတ်(၁)နှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းများ၌ အပတ်စဥ် အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး နေ့များတွင် ဆွေးနွေးပွဲများ စဥ်ဆက်မပျက် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)