ရွှေဘို ဩဂုတ် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟို၌ စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန်၊ အသိပညာဗဟုသုတများ တိုးပွားရရှိစေရန်နှင့် အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်များ ရရှိစေရန် ရည်ရွယ်၍ ဝန်ထမ်းများ စုပေါင်းကာ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ ညနေပိုင်းက ကျင်းပခဲ့သည်။
စာဖတ်ဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန် ကြားရေးမှူး ဒေါ်အေးမြမွန်က စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဆရာကြီးဗန်းမော်တင်အောင် ရေးသားသည့် " ရဲဘော်အောင်ဒင်"စာအုပ်ပါ အကြောင်းအရာများကို လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးမြမွန် ဦးဆောင်၍ ဝန်ထမ်းများက ဖတ်ကြားခဲ့ကြပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)