လိပ်သိုမြို့ အမှတ်(၂)ရပ်ကွက်ရှိ မြို့ပတ်-မာဒေးလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အမှတ်(၂)ရပ်ကွက်ရှိ မြို့ပတ်-မာဒေးလမ်းပိုင်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို လိပ်သိုမြို့ စည်ပင်သာယာရေးအဖွဲ့က ဇူလိုင်လတွင် စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ ပြည်သူများ၊ မော်တော်ယာဉ်များ သွားလာအသုံးပြုလျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်အတွင်း အင်ဂျင်ပါဝါသုံး (၆) တန်းသွားလက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါး စိုက်ပျိုးခြင်း သရုပ်ပြပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်း ဒေသခံတောင်သူများအနေဖြင့် လယ်ယာသုံးစက်ကိရိယာများကို တွင်ကျယ်စွာ အသုံးပြုလာစေရေး၊ လက်မှုလယ်ယာစနစ်မှ စက်မှု လယ်ယာစနစ်သို့ အသွင်ကူးပြောင်းဆောင်ရွက်နိုင်ရေး၊ လုပ်သားအင်အားရှားပါးမှု ပြဿနာ ဖြေရှင်းပေးနိုင်ရေး၊ အချိန်တိုအတွင်း စိုက်ဧကများစွာကို ထွန်ယက်စိုက်ပျိုးနိုင်ခြင်းနှင့် စပါးအထွက်နှုန်း ကောင်းမွန်စေခြင်းစသည့် ကောင်းကျိုးများစွာ ရရှိစေရန် ရည်ရွယ်၍ စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၄ - ၂၀၂၅ ခုနှစ် ၊ အင်ဂျင်စွမ်းအားသုံး(၆)တန်းသွားလက်ဆွဲကောက်စိုက်ဖြင့် မိုးစပါး စိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယမန်နေ့က ဝမ်းတွင်းမြို့နယ်၊ ဒိုင်ကောက်းကုန်းကျေးရွာ၊ ကွင်းအမှတ် (၁၃၂၃/ခ)၊ ဦးပိုင်အမှတ် (၂၆) ရှိ ဒေသခံတောင်သူ ဦးစံထွန်း၏ လယ်မြေ (၂) ဧကအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျိုင်းတုံမြို့၌ ရာသီတုပ်ကွေး ကာကွယ်ဆေးထိုးနှံပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) အဖွဲ့ဝင်များနှင့် မိသားစုဝင်များအား  ရာသီတုပ်ကွေး ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့က ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးနှင့် ကျိုင်းတုံအထွေထွေရောဂါကု ဆေးရုံကြီးတို့တွင် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးသည်။

ချမ်းမြသာစည်မြို့နယ် အမှတ် (၃၁) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်း ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၃၁)အခြေခံပညာအထက်တန်းကျောင်းရှိ အောင်‌မေတ္တာခန်းမ၌ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ အသိပညာဗဟုသုတရရှိပြီး နိုင်ငံတော်အတွက် အကျိုးပြု‌နိုင်သော ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉:၀၀နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

နတ်မောက်မြို့နယ်၌ မြို့သန့်ရှင်းသာယာလှပရေး အမှိုက်စွန့်ပစ်ပစ္စည်းများ စနစ်တကျရှိရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် အမှိုက်စွန့်ပစ်ပစ္စည်းများ စနစ်တကျထားရှိရေးနှင့် စွန့်ပစ်ပစ္စည်းများမှ ဆွေးမြေ့အမှိုက်များအား မြေဆွေးအဖြစ် အသုံးပြုနိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းနားကို ယမန်နေ့နံနက် (၉) နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာန ရုံးခန်းမတွင် ကျင်းပခဲ့သည်။

ရှမ်းရွာသစ်မြို့တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများနှင့် ကလေးသူငယ်များ ကလေးအလုပ်သမားနှင့် ပတ်သက်၍ အသိပညာ ဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက် (၉) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ ပြင်ပဗဟုသုတတိုးပွားစေရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် စာကြည့်တိုက်သို့မလာရောက်နိုင်သည့် ဒေသနေပြည်သူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၈)နာရီအချိန်တွင် အမှတ်(၂) ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းတွင် နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်များကို ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ် ပန်းတော်ပြင်ကျေးရွာတွင် မိုးနှမ်းစံကွက် ရိတ်သိမ်းခြင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ပန်းတော်ပြင်ကျေးရွာတွင် ဆီထွက်သီးနှံအထူးဇုံ (၂)‌ကွင်းအမှတ် (၈၅၇)၊ ဦးပိုင်အမှတ် (၃၇) တောင်သူဒေါ်ဖွားသိန်း၏ ယာမြေ(၆.၆)ပေပတ်လည်၌ မိုးနှမ်းစံကွက် ရိတ်သိမ်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၈)နာရီက ဆောင်ရွက်ခဲ့သည်။

မိုင်းဆတ်မြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီက အ.ထ.က (မိုင်းဆတ်)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to