မက်မန်းမြို့နယ် အောင်သံလွင်ကျေးရွာ (အ-ထ-က) ကျောင်းတွင် လူငယ်ရေးရာစကားဝိုင်း ကျင်းပ

မက်မန်း ဩဂုတ် ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ကျောင်းသား၊ကျောင်းသူလူငယ်များအား အသိပညာဗဟုသုတတိုးပွားရေး၊ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ မက်မန်းမြို့နယ် အောင်သံလွင်ကျေးရွာ (အ-ထ-က)ကျောင်းတွင် (လူငယ်နှင့် စိတ်ဓာတ်၊စည်းကမ်း) ‌ခေါင်းစဉ်ဖြင့် လူငယ်ရေးရာစကားဝိုင်းကို ယနေ့နံနက် (၈) နာရီအချိန်က ကျင်းပခဲ့သည်။

အဆိုပါ လူငယ်ရေးရာစကားဝိုင်းတွင် မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဥမ္မာချို(လက်ထောက်ညွှန်ကြားရေးမှူး)က လူငယ်ရေးရာစကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်အား ဦးစွာရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အောင်သံလွင်ကျေးရွာ အထက်တန်းကျောင်းမှ Grade-10 ကျောင်းသူ မမေကြည်က လူငယ်များသိရှိထားရမည့် စိတ်ဓာတ်၊ စည်းကမ်းအကြောင်းအရာအားလည်းကောင်း၊ Grade-10 ကျောင်းသူ မစီမောလေက စိတ်ဓာတ်၊စည်းကမ်းကောင်းစေရန် လူငယ်တွေမှာ ဆောင်ရွက်သင့်သည့် အကြောင်းအရာများအားလည်းကောင်း၊ Grade-11 ကျောင်းသူ မသိန်းကြည်က စိတ်ဓာတ်နှင့် စည်းကမ်းကောင်းပါက ရရှိမည့် အကျိုးကျေးဇူးများအားလည်းကောင်း၊ Grade-11 ကျောင်းသား မောင်ကျစီးက စိတ်ဓာတ်နှင့် စည်းကမ်းကောင်းသော လူငယ်များဖြစ်စေရန် ဆောင်ရွက်သင့်သည့်အကြောင်းအရာအားလည်းကောင်း၊ Grade-11 ကျောင်းသား မောင်ကျရှဲက ကျောင်းသား၊ ကျောင်းသူ လူငယ်များ စိတ်ဓာတ်၊ စည်းကမ်းကောင်းစေရန် ဆောင်ရွက်သင့်သည့် အကြောင်းအရာများကိုလည်းကောင်း ဆွေးနွေးခဲ့သည်။

လူငယ်ရေးရာစကားဝိုင်းတွင် အောင်သံလွင်ကျွေးရွာ (အ--ထ-က) ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဇော်မင်းလေး၊ အောင်သံလွင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျလား၊ ကျေးရွာသူ ကျေးရွာသားနှင့် ကျောင်းသားကျောင်းသူ စုစုပေါင်း (၉၅) ဦး တက်ရောက်ခဲ့ကြကြောင်းသိရသည်။

စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)