အလုပ်သမားရေးရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ရန်ကုန်စက်မှုဇုန်နှင့် ပျဉ်းမပင်စက်မှုဇုန်တို့တွင် ယမန်နေ့က အလုပ်သမားရေးရာအသိပညာပေးဆွေးနွေးပွဲကို Musung Garment Co.,Ltd(အထည်ချုပ်စက်ရုံ)နှင့် စိမ်းလန်းသောနယ်မြေသစ်(အထည်ချုပ်စက်ရုံ)တို့မှ အလုပ်သမားများအား အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဌေးဝင်းက အလုပ်သမားရေးရာအသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။     

ကျိုက်ထိုမြို့ အ.မ.က(ဖက္ကလိပ်)၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က ကျိုက်ထိုမြို့၊ ဖက္ကလိပ်ကျေးရွာရှိ အ.မ.က(ဖက္ကလိပ်)၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးပြီး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှဦးဆောင်၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် သီလရှင်ဝတ်စုံများလှူဒါန်းခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်သည်။

ရေတာရှည်မြို့နယ်၌ “ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်အထိမ်းအမှတ် လှုပ်ရှားမှုများ “ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ “ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်အထိမ်းအမှတ် လှုပ်ရှားမှုများ” ကျင်းပခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံခန်းမ၌ ကျင်းပသည်။

စဉ့်ကိုင်မြို့နယ်၌ အင်ဂျင်စွမ်းအားသုံး(၆)တန်းသွား လက်စွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအနေဖြင့် လယ်ယာသုံးစက်ကိရိယာများကို တွင်ကျယ်စွာ အသုံးပြုလာစေရေး၊ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ အသွင်ကူးပြောင်းဆောင်ရွက်နိုင်ရေး၊ လုပ်သားအင်အားကုန်ကျမှု ပြဿာနာဖြေရှင်းပေးနိုင်ရေး၊ အချိန်တိုအတွင်း စိုက်ဧကများစွာကို ထွန်ယက်စိုက်ပျိုးနိုင်ခြင်းနှင့် စပါးအထွက်နှုန်း ကောင်းမွန်စေခြင်း စသည့် အကျိုး‌ကျေးဇူးများစွာ ရရှိစေရန် ရည်ရွယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၄-၂၀၂၅ခုနှစ်၊ အင်ဂျင်စွမ်းအားသုံး (၆)တန်းသွားလက်စွဲ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့နံနက်(၉)နာရီက စဉ့်ကိုင်မြို့နယ်၊ သိန္နီကုန်းကျေးရွာ၊ မြို့မကွင်း(၆၇-ခ)၊ ဦးပိုင်အမှတ် (၁၅)ရှိ ဒေသခံ တောင်သူ ဦးမျိုးလှိုင်၏ လယ်မြေ( ၃)ဧကအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးသွားသော မိုးစပါးစိုက်ခင်းများ အချိန်မီ ပြန်လည်ထွန်ယက်စိုက်ပျိုးနိုင်ရေး ကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်အတွင်း ဇူလိုင်လ တတိယပတ်ခန့်မှစ၍ မိုးအဆက်မပြတ် ရွာသွန်းပြီး မြစ်ရေချောင်းရေများ စံချိန်တင်မြင့်တက်၍ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ရာ စိုက်ပျိုးပြီး မိုးစပါးသီးနှံစိုက်ခင်းများ ရေကြီးနစ်မြုပ်ခဲ့သည့်အတွက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဩဂုတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းက ထိခိုက်ပျက်စီးသွားသော မိုးစပါးစိုက်ခင်းများ အချိန်မီ ပြန်လည်ကုစားထွန်ယက်စိုက်ပျိုးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Subscribe to