မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ (၈/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေး Zoom Meeting ဖြင့် တက်ရောက်

မိုင်းယောင်း ဩဂုတ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယမန်နေ့နံနက် ၉ နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ (၈/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား Zoom Meeting ဖြင့် ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ (၈/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် များနှင့်အတူ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် အုပ်ချုပ်ရေးမှူးရုံးခန်းမှ Zoom Meeting ဖြင့် ပါဝင်တက်ရောက်ဆွေးနွေးခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ဝမ်ထန်ကျန့်ကျေးရွာအုပ်စု၊ ဝမ်ကျိုင်းကျေးရွာ၊ ဝမ်ကျိုင်းဆရာတော်(ကိုရင်လေး)အား ဝါတွင်းကာလ ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထွန်းမြင့်လှိုင်(ပြန်/ဆက်)