သံတောင်ကြီး ဩဂုတ် ၁၄
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်း၍ ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာ အထက်တန်းကျောင်းတွင် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းပြီး စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းသူကျောင်းသားများအား နယ်လှည့်ကွင်းဆင်း၍ စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းဖြင့် အသိပညာ ဗဟုသုတများ တိုးပွားစေရန်၊ စာဖတ်ခြင်း အကျိုးကျေးဇူးများ သိရှိစေရန်၊ စာဖတ်ခြင်းဖြင့် အကောင်းအဆိုး အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်သော သူများဖြစ်စေရန်၊ စာပေ၏တန်ဖိုးကို သိရှိစေရန်၊ အားလပ်ချိန်ကို တန်ဖိုးရှိစွာ အသုံးပြုတတ်စေရန်အတွက် သုတစာအုပ်၊ ဝတ္တု၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ပုံပြင်၊ ရုပ်ပြစသည့် စာအုပ်များ စုံလင်စွာဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အပတ်စဉ် သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
စောမင်းသား