ကိုကိုးကျွန်းမြို့နယ်၌ စာဖတ်ဝိုင်းပြုလုပ်

 ကိုကိုးကျွန်း သြဂုတ် ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်တွင် စာပေချစ်မြတ်နိုးသူများနှင့် Women Club အသင်းတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဒုတိယဦးစီးမှူးဒေါ်အေးမြင့်သူမှ Book Club ၊ Women Club ၊ Young Club အဖွဲ့များ၊ စာ​ပေချစ်မြတ်နိုးသူအဖွဲ့များနှင့် စာဖတ်ဝိုင်းများ​လစဥ်ပုံမှန်ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်ဒုတိယဦးစီးမှူးမှ စာရေးဆရာဖြူစင်ဝင်းရေးသားသော မြတ်သောဖဝါးခြေလှမ်းများစာအုပ်မှ သူတို့စကား၊ တွေးမိလေသောအတွေးစလေးများ၊ ပတ္တမြားမှန်လျှင်စသော ခေါင်းစဥ်များဖြင့် စတင်ဖတ်ရှုဆွေးနွေးပြီး တက်ရောက်လာကြသော Women Club အဖွဲ့ဝင်များနှင့် စာပေချစ်မြတ်နိုးသူများမှ အဆိုပါစာအုပ်ပါအခြားခေါင်းစဥ်များနှင့် သိရှိလိုသော အကြောင်းအရာများကိုပါ အပြန်အလှန်ဆွေးနွေခဲ့ကြကြောင်း သိရသည်။

 ကိုကိုးကျွန်း(ပြန်/ဆက်)