သရက်ချောင်းမြို့နယ်၌ ဆင်ခြေထောက်ရောဂါကင်းဝေးရေး သန်ချဆေး တိုက်ကျွေးခြင်းများ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းဇော်ဦးကြီးကြပ်မှုဖြင့် ဆရာ/ဆရာမများက ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး သန်‌ချဆေး တိုက်ကျွေးပေးခြင်းကို ယနေ့မွန်းလွဲ ၁ နာရီခွဲအချိန်က သရက်ချောင်းမြို့၊ မြို့မရဲစခန်း၌ ဆောင်‌ရွက်ပေးခဲ့သည်။

မင်းဘူးမြို့ အထင်ကရ ရှေးဟောင်းသမိုင်းဝင် ရှင်ပင်စက္ကိန်းတဲစေတီတော်မြတ်ကြီး၏ ပဉ္စမအကြိမ်မြောက် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပွဲ၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တင်လှူပူဇော်ပွဲ အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ အထင်ကရ ရှေးဟောင်းသမိုင်းဝင် ရှင်ပင်စက္ကိန်းတဲ စေတီတော်မြတ်ကြီး၏ ပဉ္စမအကြိမ်မြောက် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပွဲ၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တင်လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနားကို မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ ယနေ့နံနက် (၇) နာရီအချိန်က မင်းဘူးမြို့ အမှတ်(၁)ရပ်ကွက် ကေလာသဖတောင်တော်ပေါ်ရှိ အဆိုပါဘုရားရင်ပြင်တော်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

(၁၄)ကြိမ်မြောက် ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် ဝါခေါင်လပြည့်နေ့( မေတ္တာအခါတော်နေ့)အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့၏ ကျက်သရေဆောင်ရှေးဟောင်းသမိုင်းဝင်ဆံတော်ခြောက်ဆူ ကိန်းဝပ်တော်မူသော ဆံကေသာဓာတု ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် ၁၃၈၆-ခုနှစ်၊ ဝါခေါင်လပြည်နေ့(မေတ္တာအခါတော်နေ့) နေ့ထူးနေ့မြတ်အခါသမယ၌ ရွှေဆံတော်စေတီဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကကြီးမှူး၍ ကျင်းပသော (၁၄)ကြိမ်မြောက် ဝါခေါင်လပြည့်(မေတ္တာအခါတော်နေ့) မေတ္တာသုတ် ရွတ်ဖတ်ပူဇော်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်က ရွှေဆံတော်စေတီရင်ပြင် မြောက်ဘက်ရှိ ချစ်တီး၊ ဒေါ်ပုတန်ဆောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။

သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့၌ အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေးလျက်ရှိ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ပြည်သူများစျေးနှုန်းသက်သာစွာဖြင့်ဝယ်ယူနိုင်ရေး အခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်စည်သာယာရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချူပ်ရေးမှူးများပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ကျိုက္ခမီမြို့ မြို့မစျေးရပ်ကွက်၌ ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဇမ္ဗူသီရိမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁၄၀) အခြေခံပညာမူလတန်းလွန်ကျောင်း(လက်ပံခါးလှ)ကျောင်း၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု ရန်ပုံငွေဖြင့် ၇၀ ပေ × ၃၀ ပေ RC နှစ်ထပ်ကျောင်းဆောင် တည်ဆောက်နေမှုအခြေအနေအား သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ငါန်းဇွန်မြို့၌ လူငယ်နှင့်ကျန်းမာရေးအသိပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ်

ငါန်းဇွန်မြို့၌ လူငယ်နှင့်ကျန်းမာရေးအသိပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ် ငါန်းဇွန် သြဂုတ် ၁၉ သက်နောင်ဦး(ငါန်းဇွန်)

ပြည်မြို့၌ ကျင်းပသည့် (၁၁)အကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ကြည်ညို

ပြည်မြို့ ဝင်္ဂဘာတောရစာသင်တိုက်၌ ယမန်နေ့မွန်းလွဲပိုင်းကကျင်းပသည့် (၁၁)အကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ကြည်ညို ကုသိုလ်ကောင်းမှုများပြုလုပ်သည်။
Subscribe to