ပျော်ဘွယ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပ

ပျော်ဘွယ်မြို့နယ်ရုံးတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်းဝင်များနှင့် စာပေဝါသနာရှင်များစုပေါင်း၍ စာဖတ်ဝိုင်းကျင်းပပြုလုပ်ခြင်းကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့ ဇိုင်းယာန်းနှစ်ခြင်းဘုရားကျောင်းတွင် လူငယ်များ ပြိုင်ပွဲပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ ဇိုင်းယာန်းနှစ်ခြင်းအသင်းတော်မှ လူငယ်များ ဦးဆောင်၍ သမ္မာကျမ်းစာနေ့အထိမ်းအမှတ် သရုပ်ဖော်ပြိုင်ပွဲကို ယမန်နေ့ညနေ(၅)နာရီအချိန်၌  ဇိုင်းယာန်းနှစ်ခြင်းဘုရားကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သာယာဝတီခရိုင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အကြိုပြိုင်ပွဲများပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာတီခရိုင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကို အ.ထ.က(၁)သာယာဝတီတွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ အကြိုပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းကပြုလုပ်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းတိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး ကိစ္စရပ်များအတွက် မူဝါဒချမှတ်ခြင်း၊ စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာကိန်းဂဏန်းအချက်အလက်များကိုရရှိစေရန်ရည်ရွယ်၍ ၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်၉နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌  ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း ပြည်နယ်အဆင့်နည်းပြသင်တန်းဖွင့်ပွဲသို့ တက်ရောက်

မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူနိုင်‌ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကောက်ယူနိုင်ရေးအတွက် ပြည်နယ်သန်းခေါင်းစာရင်းကြီးကြပ်မှုကော်မတီကကြီးမှူး၍ ပြည်နယ်အဆင့်နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကို သြဂုတ် ၁၉ ရက် နံနက် ၉ နာရီက ပြည်နယ်ပြည်သူ့ အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။

ကျိုက်လတ်၌ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ လှုပ်ရှားမှုအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များ၊ မွေးပြီးမိခင်နှင့် မွေးကင်းစမှ အသက် (၅) နှစ်အထိ ကလေးများအား ကျန်းမာသန်စွမ်းစေရေး နှင့် အာဟာရဖွံ့ဖြိုးရေးအတွက် "ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှုအထိမ်းအမှတ်" အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက ကျိုက်လတ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ကလေးခရိုင်တွင် မိုးများသည်းထန်စွာရွာသွန်းသောကြောင့် မြစ်ရေများမြင့်တက်လျက်ရှိ

စစ်ကိုင်းတိုင်ဒေသကြီး၊ ကလေးခရိုင်အတွင်း၌ မိုးများသည်းထန်စွာရွာသွန်းလျက်ရှိသောကြောင့် မြစ်သာမြစ်နှင့် ချင်းတွင်းမြစ်တို့တွင် မြစ်ရေများမြင့်တက်လျက်ရှိကြောင်း ကလေခရိုင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

နမ့်စန်တွင် ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်း နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ၊ ပညာရည်ချွန်ဆုများချီးမြှင့်

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ဝန်ထမ်းပေါင်းစုံငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ကျင်းပပြုလုပ်သော နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက အမှတ် (၂) ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်)သရဖီ ခန်းမတွင် ကျင်းပခဲ့သည်။
Subscribe to