ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library ကွင်းဆင်းဆောင်ရွက်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library ကွင်းဆင်းဆောင်ရွက်ကြသည်။

သံဖြူဇရပ်မြို့နယ်တွင် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ပြုလုပ်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအစီအစဉ်ကို ယမန်နေ့မွန်းလွဲပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှမ်းရွာသစ်မြို့တွင် ဓမ္မစကူးလ်ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်သင်ကြား

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ယဉ်ကျေးလိမ္မာစေရန်ရည်ရွယ်၍ ဓမ္မစကူးလ်ယဉ်ကျေးလိမ္မာသင်တန်းကို နှစ်စဉ်ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ဓမ္မစကူးလ်ယဉ်ကျေးလိမ္မာသင်တန်းကို ရှမ်းရွာသစ်မြို့ သန္တိသုခဘုန်းတော်ကြီးကျောင်း၌ ကျောင်းသားလူငယ်ကလေးငယ်များအား ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

မိုင်းစံမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်း ကျင်းပ

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့မွန်းလွဲ (၁) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့တို့ပူးပေါင်းပြီး စာရေးဆရာချစ်နိုင် (စိတ်ပညာ) ၏ “အောင်မြင်ခြင်းရဲ့ အုတ်မြစ်” စာအုပ်ကို လေ့လာဖတ်ရှု၍ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့လူထုအခြေပြုဗဟိုဌာနတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် လူငယ်ရေးရာနှင့်ပတ်သက်သောအကြောင်းအရာများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပေါင်းတည်၌ အသက် ၆ လမှ ၅ နှစ်အောက်ကလေးငယ်များအား ဗီတာမင်အေနှင့်သံချဆေးများတိုက်ကျွေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ကျန်းမာရေးဌာနရုံးစုရပ်တွင် ယနေ့နံနက် ၉ နာရီအချိန်က ကလေးငယ်များ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေရန်၊ ကျန်းမာသန်စွမ်းပြီး ရောဂါများကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်စေရန်အတွက် ၆ လ အရွယ်မှ ၅ နှစ်အောက် ကလေးငယ်များကို ဗီတာမင်အေနှင့် သံချဆေးများတိုက်ကျွေးခြင်းကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံး၌ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေးလှုပ်ရှားမှု (စံပြမိခင်နှင့် ကလေးပြိုင်ပွဲ) ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ ခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ဦးဆောင်၍ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေးလှုပ်ရှားမှုအဖြစ် စံပြမိခင်နှင့် ကလေးပြိုင်ပွဲကို မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးခန်းမ၌ ယနေ့ နံနက် ၉ နာရီအချိန်ကကျင်းပခဲ့သည်။

ပန်းတောင်းမြို့နယ်၌ ရွှေကြာသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ခြင်းအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ရှေးဟောင်းသမိုင်းဝင်ရွှေဘုံသာမုနိစေတီမြတ်ကြီး၏ သန္တိသုခဓမ္မာရုံတွင် မုနိလေးဆူရွှေကြာသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် ဩဝါဒစရိယဆရာတော်ကြီးများအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများမှ ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် (တတိယအကြိမ်မြောက်) စားသောက်ဖွယ်ရာများ မေတ္တာဖြင့်ထပ်မံပေးပို့လှူဒါန်း

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စားလိုစိတ်ထက်သန်စွာဖြင့် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားကာ အသက်ကိုပဓာနမထားဘဲ စွမ်းစွမ်းတမံထမ်းဆောင်နေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများအတွက် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များ၊ တပ်မတော်ချစ်သူများက စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်းလျက်ရှိရာ ယမန်နေ့က တတိယအကြိမ်မြောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ စုပေါင်းအားဖြင့် ပြည်သူများက တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တိုင်းပြည်အတွက် အနစ်နာခံမှု၊ ပေးဆပ်မှု၊ ကိုယ်စွန့်မှု၊ ရဲဝင့်စွန့်စားမှုများအပေါ် စေတနာမေတ္တာ တုံ့ပြန်သောအားဖြင့် ပြည်မြို့၊ မြို့တော်ခန်းမ၌ စားသောက်ဖွယ်ရာများ စုပေါင်းကြော်လှော် ချက်ပြုတ်ခဲ့ကြပြီး ပေးပို့လှူဒါန်းနိုင်ရေး ပြင်ဆင်ထုပ်ပိုးနေမှုများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများက လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး ပါဝင်ကူညီဆောင်ရွက် နေကြသူများအား တိုင်းဒေကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။
Subscribe to