ချောင်းဆုံမြို့နယ်၌ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှု ဆောင်ရွက်

ချောင်းဆုံ   ဩဂုတ် ၁၉

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ဒေသခံပြည်သူများအား အာဟာရဖွံ့ဖြိုးရေးအတွက် ရက်သတ္တပတ်လှုပ်ရှားမှုများကို ပြည်သူ့ဆေးရုံ၊ တိုက်နယ်ဆေးရုံ၊ မိခင်ကလေးကျန်းမာရေးဌာန၊ ကျေးလက်ကျန်းမာရေးဌာနနှင့်ဌာနခွဲများ၊ ရပ်ကွက်/ကျေးရွာများ၌ ဆောင်ရွက်လျက်ရှိရာ မိခင်ကလေးကျန်းမာရေးဌာနတွင် ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များနှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနား ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အာဟာရဖွံ့ဖြိုးရေးလှုပ်ရှားမှုများကို မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသူဇာဝင်းကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်ကလေး အသင်း၊ အမျိုးသမီးရေးရာအဖွဲ့နှင့် သက်ဆိုင်ရာတာဝန်ရှိသူများအား ပူးပေါင်းကာ ကိုယ်ဝန်ဆောင်များအားစောင့်ရှောက်မှုနှင့် မီးတွင်းမိခင်ကျန်းမာရေး စောင့်ရှောက်ရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ လိုအပ်သည့် ဆေးဝါများ၊ ကြက်ဥနှင့် အိုင်အိုဒင်းဆားများ ဖြန့်ဝေပေး ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)