ပေါင်းတည် သြဂုတ် ၁၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ အခြေခံစားသုံးကုန် စားအုန်းဆီများကို ပြည်သူများအနေဖြင့် စျေးနှုန်းသက်သာစွာ ၀ယ်ယူစားသုံးနိုင်ရေးအတွက် မြို့နယ်စျေးနှုန်းတည်ငြိမ်ရေးကော်မတီအဖွဲ့၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များနှင့် ဆီကုန်သည်ကြီးများအသင်းတို့ပူးပေါင်းကာ သင့်တင့်မျှတသောစျေးနှုန်းတို့ဖြင့် ရောင်းချနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
မြို့နယ်အတွင်းရှိ ဆီဆိုင်များ၊ ကုန်စုံဆိုင်များအနေဖြင့် လစဉ်ထုတ်ပြန်သည့် သင့်တင့်မျှတသည့် စျေးနှုန်းဖြင့်ရောင်းချပေးရေးအတွက် တာဝန်ရှိအဖွဲ့များက ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိပြီး ယနေ့တွင် အခြေခံစားသုံးကုန် စားအုန်းဆီ တစ်ပိဿာလျှင် ၆၈၀၀ ကျပ်စျေးနှုန်းတို့ဖြင့် ရောင်းချပေးလျက်ရှိသည်။
ယနေ့၌ ရပ်ကွက်နှင့်ကျေးရွာများရှိ စားသုံးသူပြည်သူများအတွက် မြို့နယ်အတွင်းရှိ ဆီကိုယ်စားလှယ်ဆိုင်ကြီး ၆ ဆိုင်က စားအုန်းဆီ ၁၃၂၀ ပိဿာ ရောင်းချပေးခဲ့ကြောင်း မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှသိရသည်။
ရွှေသား(ပြန်/ဆက်)