ကျောက်တလုံးကြီးမြို့ နောင်စန့်ကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွား

ကျောက်တလုံးကြီး ဩဂုတ် ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ နားဟီးကျေးရွာအုပ်စု၊ နောင်စန့်ကျေးရွာတွင် ယမန်နေ့ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ထိုသို့ ရေကြီးရေလျှံမှုကြောင့် အဆိုပါကျေးရွာ မြေနိမ့်ပိုင်းရှိ နေအိမ်များ ရေနစ်မြုပ်မှုများ ဖြစ်ပေါ်လျက်ရှိရာ မြို့အုပ်ချုပ်ရေးမှူး ဦးသက်နိုင်၊ နယ်မြေစခန်းမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇော်နိုင်လင်း