ညောင်တုန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာ‌ ရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာစီမံကိန်း ရန်ပုံငွေပေးအပ်ပွဲအခမ်းအနားကျင်းပ

ညောင်တုန်း ဩဂုတ် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာ‌ရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ရန်ပုံငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀နာရီ အချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။

အခန်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦး‌ဇော်လွင်က မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းရန်ပုံငွေ ရရှိသောကျေးရွာများအနေဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အကျိုးရှိစွာတန်ဖိုးထားအသုံးပြုရန်နှင့် စီမံကိန်းအောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာ၊ မြို့နယ်ဦးစီးမှူး ဦးကျော်လင်းနိုင်က ၂၀၂၄-၂၀၂၅ ဘဏ္ဍာ‌ရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းလုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တာဝန်ရှိသူများမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ရန်ပုံငွေများကို ကျေးရွာကော်မတီဝင်များထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ကျေးရွာကော်မတီဝင်များ၏ကိုယ်စား ကော်မတီဝင်တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)