ဟင်္သာတ ဩဂုတ် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၄ခုနှစ် (၂၅) ကြိမ်မြောက်၊ ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို သြဂုတ်လ ၂၀ ရက်နေ့ နံနက် (၉) နာရီက ဟင်္သာတမြို့ရှိ မြို့တော်ခန်းမကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြိုင်ပွဲအခမ်းအနားအား ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်မြင့်စိုး၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီးကျော်မြသန်း၊ အဖွဲ့ဝင် (၂) ဦးအောင်မြင့်ဦး၊ အဖွဲ့ဝင်(၃)ဒေါ်သီတာအောင်နှင့် ဟင်္သာတ တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသိင်္ဂီရွှေတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီးနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။ ထို့နောက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးက အဖွင့်အမှာစကားပြောကြားရာတွင် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား လူငယ်လူရွယ်များ ယဥ်ကျေးမှုလက်ဆင့်ကမ်း အမွေအနှစ်များ မပပျောက်အောင် ကျင်းပဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသားတို့၏ ရိုးရာယဥ်ကျေးမှု အနုပညာအမွေအနှစ်များနှင့် အမျိုးသားယဥ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်စေရန့် ထိန်းသိမ်း၊ မြှင့်တင်ရေးကိုလည်း ဖော်ဆောင်လိုကြောင်း၊ ပြိုင်ပွဲဝင်များအနေဖြင့်လည်း မိမိတို့ တတ်စွမ်းတဲ့ အနုပညာနှင့် အစွမ်းကုန်ဖော်ထုတ်၍ စည်းကမ်းသတ်မှတ်ချက်များနှင့် ယှဥ်ပြိုင်ကြ၍ အကဲဖြတ်ဒိုင်များကလည်း သမာသမတ်ကျကျ ရွေးချယ်ဆောင်ရွက်ပေးစေလိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့် တက်ရောက်လာကြသည့် ဧည့်သည်တော်များမှ ပြိုင်ပွဲဝင်များ၏ အဆို၊ အက၊ အရေး၊ အတီး ယှဥ်ပြိုင်မှုတို့အား ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်သန္တာဦးနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဟင်္သာတ၊ဇလွန်၊ လေးမျက်နှာ မြို့နယ်တို့မှ မြို့နယ်စီမံအုပ်ချုက်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် မိခင်ကလေးနှင့် အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိ၊ မြို့ဖများ၊ အဆင်မြှင့်ပညာနှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ၊ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ ၊ပြိုင်ပွဲဝင်များစုစုပေါင်း (၅၀၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဟင်္သာတ
ခရိုင် (ပြန်/ဆက်)