မဟာအောင်မြေမြို့နယ် အမှတ် (၂၄) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကြက်ခြေနီသင်တန်း ဖွင့်လှစ်

မဟာအောင်မြေ သြဂုတ် ၂၀

မဟာအောင်မြေမြို့နယ် အမှတ် (၂၄) အခြေခံပညာအထက်တန်းကျောင်း၌ တိုင်းဒေသကြီးပညာရေးမှူးရုံးနှင့် တိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သော ကျောင်းကြက်ခြေနီသင်တန်းကို သြဂုတ်၂၀ရက်မှ စတင်ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ မဟာအောင်မြေမြို့နယ် ကြက်ခြေနီကြီးကြပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးကျော်သန်းက အဖွင့်အမှာစကားပြောကြားပြီး ​မြို့နယ်ကြက်ခြေနီ ဒုတိယမြို့နယ်တပ်ဖွဲ့မှူး ဒေါ်ဝါဝါရွှေက ကျောင်းသား/သူများကို ကြက်ခြေနီအကြောင်းသိကောင်းစရာနှင့် ရှေးဦးပြုစုခြင်းအခြေခံသဘောတရားများအကြောင်း၊ ကြက်ခြေနီ၏အခြေခံမူ(၇)ချက်နှင့် ကြက်ခြေနီသင်္ကေတနှင့်အဓိပ္ပါယ်များ၊ ဂျီနီဗာသဘောတူစာချုပ်(၄)ခု၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်(၃)ရပ်နှင့် အသင်း၏အဓိကလုပ်ငန်းများအကြောင်း၊ ရှေးဦးပြုစုခြင်းအဓိပ္ပါယ်နှင့် အခြေခံသဘောတရားများစသည်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို အမှတ် (၂၄) အခြေခံပညာအထက်တန်းကျောင်း၌ သြဂုတ်(၂၀)ရက်နေ့ မှ(၂၂)ရက်နေ့အထိ (၃)ရက်ကြာ ပို့ချသင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇော်မင်း