ကရသူရိ သြဂုတ် ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကျောင်းသား/သူများ ဉာဏ်ရည်ဖွံ့ဖြိုးစိတ်ရွှင်လန်းစေရေး စကားပုံဆက်ပြိုင်ပွဲကို ယမန်နေ့ညနေ ၃နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စာကြည့်တိုက်သို့ လာရောက်ကြသည့် ကျောင်သား/သူကလေးငယ်များ အသိပညာဗဟုသုတများရရှိရေး၊ စာပေဝါသနာရှင်များထွန်းကားရေးနှင့် မိမိဝါသနာထုံရာများကို စဉ်ဆက်မပြတ်လာရောက်လေ့လာနိုင်ရေး ၎င်းတို့အကြိုက်အစီအစဉ်များဖြင့် ပြိုင်ပွဲများ ပြုလုပ်ပေးလျက်ရှိရာ အဆိုပါစကားပုံဆက်ပြိုင်ပွဲကို ကရသူရိမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက ပျော်ရွှင်စွာ ယှဥ်ပြိုင်ကစားခဲ့ပြီး ဆုရရှိသူများကို ဆုများပေးအပ်ခဲ့ကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)