သာပေါင်းမြို့နယ်တွင် ဝါခေါင်လပြည့်၊ မေတ္တာအခါတော်နေ့၌ ဘဒ္ဒန္တသုဇာတ မဟာထေရ်၏ သက်တော်(၇၈)နှစ်ပြည့်၊ ဝိဇာတမင်္ဂလာ ပူဇော်ပွဲကျင်းပ

သာပေါင်း ဩဂုတ် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ဝါခေါင်လပြည့်၊ မေတ္တာအခါတော်နေ့၌ ဘဒ္ဒန္တသုဇာတ မဟာထေရ်၏ သက်တော်(၇၈)နှစ်ပြည့်၊ ဝိဇာတမင်္ဂလာ ပူဇော်ပွဲကို ယမန်နေ့ သာသနာတော်နှစ် ၂၅၆၈ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ ယမန်နေ့နံနက် (၉) နာရီအချိန်က အမှတ်(၂)ရပ်ကွက်၊ မြို့သစ်(၆)လမ်း၊ တောင်ညို ဂန္ဓာရုံကျောင်းတိုက် ဓမ္မရက္ခိတ ဓမ္မာရုံတွင် ကျင်းပခဲ့သည်။

ဘဒ္ဒန္တသုဇာတ မဟာထေရ်၏ သက်တော်(၇၈)နှစ်ပြည့်၊ ဝိဇာတမင်္ဂလာ ပူဇော်ပွဲတွင် မြို့ဦးပဌမပြန်စာသင်တိုက်၊ ဘဒ္ဒန္တဥူးဓမ္မ(ဓမ္မစရိယ)ထံမှ ရှစ်ပါးသီလခံယူဆောက်တည်ကြပြီး ကြွရောက်လာကြသော ဆရာတော်၊ သံဃာတော်တို့က ပရိတ်တရားတော်များနှင့် မွေးနေ့အလှူ ရေစက်ချတရားတော် ချီးမြှင့်တော်မူကြသည်။

ထို့နောက် ဗုဒ္ဓဘာသာနွယ်ဝင် အလှူရှင်သူတော်ကောင်း ဒါယကာ၊ ဒါယိကာမ အပေါင်းတို့က နေ့ဆွမ်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ညဦးပိုင်းအချိန် ဝတ်ရွတ်အသင်းအဖွဲ့က ဓမ္မစကြာ၊ ပရိတ်၊ ပဌာန်းများဖြင့် ရွတ်ဖတ်ပူ‌ဇော်ခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း(ပြန်/ဆက်)