ပန်းတနော် သြဂုတ် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ် လူရွယ်များ စာပေဖတ်ရှုတက်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ အသိပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) အနုပညာခန်းမ၌ စာရေးဆရာမ ဒေါက်တာ မတင်ဝင်းရေးသားသည့် "လွတ်လပ် ပေါ့ပါးသောစိတ်ရှိပါစေ" စာအုပ်ဖြင့် ယနေ့ နံနက် ၁၀ နာရီက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဦးကိုကိုမောင်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက စာရေးဆရာမ ဒေါက်တာမတင်ဝင်း ရေးသားသည့် "လွတ်လပ် ပေါ့ပါးသောစိတ်ရှိပါစေ" စာအုပ်ပါ အကြောင်းအရာများဖြစ်သည့် မြတ်ဗုဒ္ဓ၏ ဆုံးမနည်း၊ ကျေးဇူးတင်တက်တဲ့ အလေ့အကျင့်၊ မိမိကိုယ်ကို မေးရမည့်မေးခွန်း၊ အာဂလူ ဇီဝက၊ ကိုယ်စိတ်သည်သာ ကိုယ်မိတ်ဆွေ၊ စိတ်အဆာ စသည့် အကြောင်းအရာများအား အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ဆက်)